⚠ Smut Warning ⚠
Warning ပေးတာ အလကားမဟုတ်ပါဘူး အသက်မပြည့်သေးတဲ့လူတွေ မဖတ်ပါနဲ့ Smut မကြိုက်တဲ့လူတွေ မဖတ်ပါနဲ့×××
တာဝန်ရှိသူတွေရဲ့ စစ်ဆေးမေးမြန်းတာတွေကို ပြန်ဖြေးရင်း ညနေစောင်းသွားခဲ့တယ်။ အစကနေ အဆုံးထိ သူကပဲ ကူညီပေးခဲ့ပါတယ်။
အာ... ဒါနဲ့။ သူ့နာမည်က Hwang Hyunjin တဲ့။
အများစုကတော့ သူ့ကို Captain Hwang လို့ခေါ်ကြတယ်။ လေယာဉ်မောင်းတဲ့ Pilot တစ်ဦးပဲ။"ဘယ်ပြန်မှာလဲ။ ကိုယ် လိုက်ပို့ပေးမယ်"
"ကျွန်တော် မပြန်ချင်ဘူး။ အခုလောလောဆယ်တော့ သူနဲ့ အမှတ်တရတွေအများကြီး ရှိခဲ့တဲ့အိမ်ကို ကျွန်တော်မပြန်ချင်ဘူး"
ကျွန်တော့်လက်ကလေး နွေးခနဲဖြစ်သွားတယ်။ အရေးမပါတဲ့ မျက်ရည်တွေက ကျလာပြန်ပါပြီ။
ကျွန်တော်မျက်ရည်ကျတာကို မြင်တော့ Captain Hwang က ကျွန်တော့်ကို ထွေးပွေ့ပေးလာတယ်။ Yang Jeongin နဲ့ စတွေ့ခဲ့တုန်းကလိုမျိုး ကျွန်တော် သူစိမ်းတစ်ယောက်ရဲ့ ရင်ခွင်ထဲမှာပဲ တဖန်အော်ဟစ်ငိုကြွေးခဲ့မိပါတယ်။
"ကိုယ်နဲ့လိုက်ခဲ့။ အိမ်မပြန်ချင်သေးရင် ကိုယ်နဲ့လိုက်ခဲ့။ ကိုယ်နဲ့အတူ မင်းပျော်သလောက်နေလို့ရတယ်။ ကိုယ်ထွက်မသွားခင်အထိ မင်းနဲ့အတူ ပျော်စရာတွေ ဖန်တီးသွားမယ်"
Captain Hwang ပြောခဲ့တဲ့စကားတွေထဲ နောက်ဆုံးနားကစကားစုလေး တချို့ကိုတော့ ကျွန်တော်မကြားလိုက်ရပါ။ ဘာလို့ဆို ပင်ပန်းလွန်းတဲ့ မျက်ခွံတွေဟာ အတိပိတ်လို့ ကျွန်တော်ဟာ အိပ်မက်တွေကြားလွင့်ပါသွားခဲ့ပြီမို့။
__________________________Captain Hwang နဲ့ အတူနေလာခဲ့တာ တစ်လပြည့်ခဲ့ပြီ။ ကျွန်တော်တို့ တစ်လအတွင်းမှာတင် ထွက်လိုက်ရတဲ့ ခရီးတွေမှ မနည်းမနောဗျာ။
အခုလည်း Tokyo ကို ရောက်နေတာဖြစ်ပြီး ကျွန်တော့်အိပ်မက်မြို့တော်ကြီးကို ပတ်လို့ ခရီးထွက်နေခဲ့တာပေါ့။
"Lix... ဒီမှာ"
Captain Hwang က ကျွန်တော့်ဆီ ချောကလက်အရသာ ရေခဲမုန့်ကို လှမ်းပေးလာပြီး သူကတော့ စတော်ဘယ်ရီနှစ်ဆင့်ထပ်ရေခဲမုန့်ကို စားတယ်။ အချိန်ကြာလာတာနဲ့အမျှ ကျွန်တော်သိလာခဲ့ရတာက အမြဲတမ်းတည်တံ့နေတတ်တဲ့ Captain Hwang က အချိုတွေကို သိပ်ကြိုက်တဲ့ ကလေးလေးသာသာပဲဆိုတာ။

YOU ARE READING
Suicide Diaries
Fanfictionကျွန်တော့်ဘဝတစ်လျှောက် ချစ်ခဲ့မိတဲ့ ယောက်ျားခုနှစ်ယောက်အကြောင်း STRAY KIDS | OT8 [Felix x SKZ] [Felix x OT7 MYANMAR FANFIC] This book may contain some kind of Sexual Contents or maybe smut?? Idk So, if you're uncomfortable, just don't read >< Hope y...