"လာ ညီလေးလာ"
အိမ်လေးကလည်း လူလိုပင် ခပ်ရိုးရိုး
"ဟယ်လို မား ...
သားကအိမ်မှာ
ညီလေးတယောက်အဆင်မပြေဖြစ်နေလို့ အိမ်ခဏခေါ်လာတာ "
"...."
"ရလား အဲ့တာဆိုသားလာမကြိုတော့ဘူးနော်...""မားဖုန်းဆက်နေတာ ဆိုင်ပိတ်တော့မှာမို့ ..."
ဘယ်သူကမေးနေလို့လဲ ဝမ်ရီပေါ်ဖြင့် လာမေးတောင် ဖြေချင်မှဖြေတာ
သူများအိမ်မို့ထင်ပါရဲ့ ကလေးလေးက ဘာမှတောင်မပြောရဲရှာ
"ရေပါတခါတည်းချိုးမလား ...
ကိုကြီးအင်္ကျီယူဝတ်လဲရတယ် ကိစ္စမရှိဘူး..."လာသမျှလူဒီလိုဆက်ဆံနေတာလား ရူးများနေသလားပဲ
သူ့အင်္ကျီဆိုတော့ ခုနလိုအမွှေးနံ့ရမှာလား"အဆင်ပြေမယ်ဆိုရင်ပေါ့..."
ထင်သားပဲ ကလေးကအားနာနေရှာတာ
...
သူရေချိုးပြီးထွက်လာတော့
"အွန့်
ကိုကြီးက နည်းနည်းလူကောင်ထွားတော့ မတော်မှာစိုးလို့ ဘောင်းဘီတိုပဲယူခဲ့လိုက်တယ်..."ဘာကြီး လူကောင်ထွားတယ်
လက်တကိုင်စာခါးလေးနဲ့ ပိန်နာနာကိုယ်လုံးကိုများ
သူသာကိုင်ပေါင်ရင် တချက်စာပဲဝတ်လိုက်တော့ အဝတ်အစားတွေကမွှေးပါတယ် ဒါပေမယ့် ဆိုင်ကယ်ပေါ်ကလိုအနံ့မဟုတ်
ရေမွှေးနံ့လား လိုးရှင်းလား
မျက်မှောင်ကြုံကာ ထွက်လာတဲ့သူ့ကို"ခဏလေးနော် မားပြန်ရောက်နေပြီ ပြီးရင်ထမင်းစားကြမယ်.."
"ဟမ်.."
ဒီခေတ်ကြီးမှာ တွေ့တဲ့သူအိမ်ပေါ်ခေါ်ရုံမက ထမင်းပါကျွေးသေးတာလား ဒီသားအမိကအံ့ဩသွားတဲ့ကောင်လေးမျက်နှာလေးက သနားစရာ
ဒါလေးကိုတောင်ထူးဆန်းနေတယ် ဘယ်လိုလူတွေနဲ့များ ကြုံတွေ့နေရပါလိမ့်ကျောင်းမှာလဲ အနိုင်ကျင့်ခံ လမ်းပေါ်လဲမိုက်ကြေးခွဲခံရ
မိဘကဆင်းရဲ အဲ့ဒိလိုမျိုးများလား"ကိုကြီးတို့ကသားအမိ၂ယောက်တည်း ဟင်းတွေကလဲဆိုင်ကပြန်ယူလာတာလေ အများကြီး အားမနာနဲ့
မားကနော် လက်ရာသိပ်ကောင်းတာ..."
YOU ARE READING
သူဆင်းရဲလေး ကျွန်တော့်ချစ်သူ
Fanfictionဆိုင်ကယ်တစီးနဲ့ တမြို့လုံးပတ် သောင်းကျန်းဆိုးပေနေတဲ့ သူဌေးသားလူမိုက်လေးဝမ်ရီပေါ်နဲ့ အဲ့ဒိလိုလူဆိုးကိုမှ ဘယ်လိုမျက်စိမှောက်မှန်းမသိ ဆင်းရဲသားလူရိုးလေးဆိုပြီး သနားဂရုဏာသက်နေရှာတဲ့ ယုန်ပိန်းလေး ရှောင်ကျန့်