ကျင်းလင်နဲ့ ကျန်းချန်လဲ ခေါင်းကိုက်လာပြီ
ဘယ်လိုစုံစမ်း စုံစမ်း ဟိုအကိုကြီးမှာ ရည်းစားကရှိမနေ
ဟိုဝမ်ရီပေါ်ကလဲ သေမလို ရှင်မလိုရုပ်နဲ့
"ကျန်းချန်ကော ဟုတ်မနေဘူးနော် ""အေး ငါတို့တခုခုတော့ လွဲနေပြီ..."
"ရှုပ်ပါတယ်ဗျာ အဲ့ဒိအကိုကြီးသာဖမ်းပြိးမေးလိုက်ရအောင်..."
"သောက်ကလေး.."
"အတည်ပြောနေတာ တသက်လုံးလဲဒီလိုပဲလုပ်လာတဲ့ဟာ..."
"ရီပေါ် သိရင်ရော..."
"ဆောရီးပေါ့ဗျာ...
ဟိုအကိုကြီးစိတ်ထဲ ဘယ်သူ့ကြိုက်နေလဲ ကျတော်တို့ကသိမလား
ရှုပ်တယ် ဒီနေ့သွားဖမ်းရအောင်...""သူ့အိမ်မှာလား..."
"အာာာ ကောပါ တုံးမလာစမ်းပါနဲ့ဗျာ
မုန့်မှာပြီး လမ်းကဖြတ်ဖမ်းမှာပေါ့..."......
မျက်လုံးက ပိတ်ခံထားရသည်မို့ မမြင်ရပေမယ့် ခြေသံတွေကြောင့် ကြိုးချည်ခံထားရတဲ့ခုံကနေ
ရှောင်ကျန့်ခါးကိုပြန်မတ်လိုက်သည်"မင်းတို့ဘယ်သူတွေလဲ ဘာ..ဘာလိုချင်လို့လဲ.."
"မလိုချင်ပါဘူး deliသမားဆီကနေ
မေးစရာလေးရှိလို့..."ကျင်းလင်စကားကြောင့် ကျန်းချန်အံကြိတ်ပြလိုက်သည်
"ဘာ မေးမှာလဲ..."
အယ် ဘယ်လိုမေးရပါ့ ခများချစ်သူနာမည်ဘာလဲလား ဒါကြိးတော့ မဟုတ်သေးပါဘူး
ဘာမေးရမှန်းမသိဖြစ်နေတဲ့ ကျင်းလင်ကြောင့် ကျန်းချန်ကသာ"မင်းချစ်သူကို ဖုန်းခေါ်လိုက် .."
ကလေးကို!
ဘာလဲကလေးကိုနှိပ်စက်နေကြလူတွေလား"ဘာကိစ္စခေါ်ရမှာလဲ ငါ့မှာချစ်သူမရှိဘူး.."
"အပိုတွေပြောမနေနဲ့ မင်းရည်းစားရှိတာ တဆိုင်လုံးသိတယ်..."
ဒါကြောင့် ဒါကြောင့်များ ကလေးကသူ့ကို ရှောင်ထွက်သွားခဲ့တာလား
ကလေးရယ် ကိုကြီးကိုပြောရောပေါ့"ဘာတွေပြောနေကြတာလဲ ငါကလူပျိုကြီး အရင်တခါပေးစားမယ်ဆိုတဲ့ ကောင်မလေးကလဲ လင်နောက်လိုက်သွားပြီ..."
ဆောရီးပါ မေဟွားရေ
YOU ARE READING
သူဆင်းရဲလေး ကျွန်တော့်ချစ်သူ
Fanfictionဆိုင်ကယ်တစီးနဲ့ တမြို့လုံးပတ် သောင်းကျန်းဆိုးပေနေတဲ့ သူဌေးသားလူမိုက်လေးဝမ်ရီပေါ်နဲ့ အဲ့ဒိလိုလူဆိုးကိုမှ ဘယ်လိုမျက်စိမှောက်မှန်းမသိ ဆင်းရဲသားလူရိုးလေးဆိုပြီး သနားဂရုဏာသက်နေရှာတဲ့ ယုန်ပိန်းလေး ရှောင်ကျန့်