ရှောင်ကျန့် ခုတလော ငူငိုင်နေမိသည်ဆိုင်ကိုယ်မောင်းလဲလမ်းကိုသေချာကို ကြည့်မောင်းတယ်
ကောင်လေးနဲ့များ တွေ့မလားလို့အရင်က တလမှတခါသွားတဲ့ Shopping centerကိုလည်း ခဏခဏသွားတယ်
တကယ်က အိမ်ပြင်ရောက်တာနဲ့ ကို မျက်စိကိုရှင်ရှင်ထားနေရတယ် လွဲသွားမှာစိုးလို့
"ဟူး...."
"ဘာလိုချင်နေလို့လဲ အားကျန့်ရယ်
ပေါ်တင်ပြောစမ်းပါ သက်ပြင်းတွေပဲချပြမနေနဲ့..""မလိုချင်ပါဘူးမားရယ်...
ဘာပို့စရာရှိလဲ သွားပို့ပေးမယ်...""ဒီအချိန်ဘယ်သူကမှာမှာလဲ ဒီကလေးနှယ်
အရင်ကဖြင့် နေပူသလေး မိုးချုပ်သလေးနဲ့...
ပြောစမ်းပါ ဘာလိုချင်နေလို့လဲ...""မဟုတ်ပါဘူးဆို..."
ဟုတ်သား သူကောင်လေးဖို့ အလုပ်မေးပေးရဦးမှာပဲ
"မား..."
"ပြော..."
"ဟိုလေ သားတို့ဆိုင်မှာ ဝန်ထမ်းခေါ်ရအောင်..."
"နင်တောင်အခုအားနေတာကို ဘာကိစ္စလူသစ်ခေါ်မှာလဲ.."
"ဟင်းးး"
"ဘာဖြစ်နေတာလဲ မျက်နှာကလဲ..."
"ဟိုတခါလာတဲ့ကောင်လေးလေ
အလုပ်တွေအများကြီးလုပ်နေရလို့ပါ ဒီအတိုင်းဆိုစာမေးပွဲလဲ မဖြေနိုင်လောက်ဘူးမားရဲ့... သနားလို့ပါ...""ဟို အနိုင်ကျင့်ခံရတဲ့ကလေးလား.."
"အွန်း..."
"မားတို့ဆိုင်မဟုတ်လဲ တခြားဆိုင်မေးကြည့်ပေါ့
ဒါနဲ့သူ့ဆီက အင်္ကျီတွေရော ..""အော်...မားရယ် ...
သူ့ခမျာဒုက္ခရောက်နေပါတယ်ဆို
ကိုယ်ကမကူညီနိုင်တဲ့အပြင် ပြန်တောင်းရမှာလား..
အားနာစရာကြီး
လမ်းပေါ်မှာချည်း ပြန်တွေ့နေရတော့ သူလဲဘယ်ယူလာနိုင်မလဲလို့..""အေးပါ ... မားကမေးကြည့်ရုံပါ
ကြုံရင် ဆိုင်ခေါ်ခဲ့ဦးလေ ခေါက်ဆွဲကျွေးရအောင်...""မား..."
"အင်းးး.."
"သားတို့သူ့ကို ညတိုင်းလာစားခိုင်းကြမလား
အဲ့ဒိလောက်နဲ့တော့ သားတို့မရှုံးဘူးလေ နော်..."
YOU ARE READING
သူဆင်းရဲလေး ကျွန်တော့်ချစ်သူ
Fanfictionဆိုင်ကယ်တစီးနဲ့ တမြို့လုံးပတ် သောင်းကျန်းဆိုးပေနေတဲ့ သူဌေးသားလူမိုက်လေးဝမ်ရီပေါ်နဲ့ အဲ့ဒိလိုလူဆိုးကိုမှ ဘယ်လိုမျက်စိမှောက်မှန်းမသိ ဆင်းရဲသားလူရိုးလေးဆိုပြီး သနားဂရုဏာသက်နေရှာတဲ့ ယုန်ပိန်းလေး ရှောင်ကျန့်