Part 14

360 50 19
                                    

Unicode

ရီပေါ် လက်သည်းကိုသာ တတိတိကိုက်နေမိသည်။

ဘာလုပ်ရမလဲ .... ဘာလုပ်ရမလဲ...

အားနည်းသူကို အနိုင်ကျင့်တာကတော့ သူ့အကျင့်မဟုတ်တာမို့
ကူညီပေးသင့်တာတော့ ကူညီပေးမှာပါ

ဒါပေမယ့် လိုချင်တာကို လက်လျော့တာလဲ သူ့အကျင့်မဟုတ်

အဲ့ဒိလိုဆိုပြီး ယှဉ်ပြိုင်ရအောင်လဲ ဟိုဘက်က
အင်မတန်ဆင်းရဲပြီး ဒုက္ခအတိပြီးနေတဲ့ ကျောင်းသားလေးတဲ့

"ကျစ် ...
တလောကလုံး ဒုက္ခရောက်စရာ လူရှားနေလားကွာ..."

"ဟို အကိုကြီးကိုမေးရမှာ
ကြိုက်စရာရှားသလားဗျာ...
ဆင်းကဆင်းရဲ အသက်က ကလေးသာသာ အားအင်ကမရှိ
ကောနဲ့ တကယ့်မိုးနဲ့မြေ ..."

"စိတ်ဓါတ်တော့မကျပါနဲ့ ရီပေါ်ရယ်
ဒီလောက်ဒုက္ခသည်ကို သူလဲကြာကြာမကြိုက်နိုင်ပါဘူးကွာ...."

"ကျန်းချန်ကောကလဲ ဟိုကဖြင့် သနားချစ်တွေ မတရားချစ်နေတာကို..."

"ဟုတ်သား...
မင်းကိုကြီးက သနားနေတာမဟုတ်လား...
ငါတို့သာ အရာရာအဆင်ပြေအောင် လုပ်ပေးလိုက်ရင် သူသနားစရာမလိုတော့ဘူးလေ ဒါဆိုစိတ်ပြောင်းသွားနိုင်တယ် ..."

"......"

"စကားလေးဘာလေး ပြန်ပြောဦးအရူးကောင်ရဲ့
လက်ပဲကိုက်မနေနဲ့..."

"ရီပေါ်ကော ကောပါးကိုမွေးစားခိုင်းလိုက်ပါလား..."

"ဟိုစင်ဒရဲလားကောင်ကိုလား မလုပ်စမ်းပါနဲ့ကွာ
ငါအဲ့လို ပျော့ဖတ်ဖတ်ကောင်တွေကြည့်မရဘူး..."

"ကောကြည့်လို့မရပေမယ့် ကောအကိုကြီးက အရမ်းတွေကြည့်ရနေတယ်လေ..."

"ဟူးးးးး..."

......

"ပါး..."

"ဘာလဲ..."

"အသက်လဲကြီးပြီ ကုသိုလ်တွေဘာတွေလုပ်ပါလား...."

"ဘာကိစ္စငါက အသက်ကြီးရမှာလဲ မင်းထက်တောင်ကြည့်ကောင်းသေး..."

"ကျစ်... ဒုက္ခသည်ခလေးတယောက်ဗျာ
ပါး ထောက်ပံ့ပေးလိုက်စမ်းပါ..."

သူဆင်းရဲလေး ကျွန်တော့်ချစ်သူWhere stories live. Discover now