Part 20

325 52 8
                                    


"တောက်.."

ဆက်ရှိနေရင် ရှောင်ကျန့်ကို တခုခုလုပ်မိမှာစိုးတာကြောင့် သူထွက်လာခဲ့လိုက်သည်

သူ့ဘဝကြီးမှာ မကျေနပ်တာကို ဘာမှမလုပ်ပဲထွက်လာရတာ ဒါပထမဆုံးပဲ

.........

အိမ်ကိုဒေါသတကြီးပြန်လာတဲ့ သားကြောင့် ဝမ်မားအံ့ဩသွားမိသည်
ဒီကလေး ရန်မဖြစ်တော့တာလဲ ကြာနေပြီကို....

"ရီပေါ် သားလေး ရန်ဖြစ်လာတာလား..."

"မဟုတ်ဘူးမား..
မား... သားကို သွားတင်တောင်းပေးပါ..."

"ဘာရယ်....
တင်တောင်းမယ်...."

"ဟုတ်တယ်မား သားချစ်သူရနေပြီ ပါးလဲသိတယ်
အဲ့တာသူက အခုတခြားတယောက်နဲ့ လက်ထပ်မလို့တဲ့ ..."

ငယ်ငယ်က သူ့အရုပ်ပျက်လာသလို စူပုပ်နေတဲ့ သားကိုကြည့်ရင်း ပြုံးမိသွားသည်

"မားကို နားလည်အောင်ပြောပါဦး..."

"................
...................
................."

"အော်.... အဲ့ဒိတော့ သူ့အဘွားက သဘောမတူတာနဲ့ မားသားကို သူကငြင်းလိုက်တယ်ပေါ့..."

"......."

"ရီပေါ်လေးရဲ့ အချစ်ရေးဆိုတာ သားရန်ဖြစ်သလို ဝုန်းဒိုင်းလုပ်လို့မရဘူး ပြီးတော့တခဏလေးနဲ့လဲ အဖြေမပေါ်ဘူး..."

"အဲ့ဒိတော့...."

"အိုက်ယား .... မင်းပါးသာသိရင် ဝမ်းနည်းတော့မှာပဲ
မားလို ကျောင်းရဲ့queen ကို မင်းပါးက ပိုက်ဆံတခုတည်းချမ်းသာရုံနဲ့ ရထားတယ်ထင်နေတာလား...ဟင်..."

"သားမှပါးလို အပိုတွေမလုပ်တတ်တာ..."

"ဒီကလေး အဖေကိုပြောပုံက...
အချစ်ဆိုတာ ရင်ဘတ်ထဲချစ်နေရုံနဲ့မရဘူး ...
သူသိအောင် ခံစားမိအောင်လဲ ဖော်ပြနိုင်ရမယ်
သူကိုယ့်ကိုချစ်လာအောင် မမုန်းရက်အောင်လဲ လုပ်တတ်ရတယ် ..."

"အဲ့တာကြီးက ဖန်တီးယူတာလေ...."

"ဒါပေါ့ ဖန်တီးသင့်တဲ့အခါ ဖန်တီးရမှာပေါ့
အရာရာသဘာဝအတိုင်းဆို ချစ်ခွင့်တောင်ပန်စရာလိုပါတော့မလား....
ပန်းပင်ချင်းတူတူတောင် သဘာဝပွင့်တာနဲ့
တယုတယပျိုးပြီးပွင့်တာ ဘယ်ဟာကပိုလှလဲ ပိုတန်ဖိုးထားမလဲ... မဟုတ်ဘူးလား..."

သူဆင်းရဲလေး ကျွန်တော့်ချစ်သူWhere stories live. Discover now