Part4

631 56 12
                                    

"မား မတော်သေးဘူးလား
အများကြီးဖြစ်နေပြီ..."

ကြည့်ပါဦး လက်ဆောင်ပေးဖို့တဲ့

အွန်လိုင်းကမှာလဲ ရတယ်

အိမ်ကလူတွေဝယ်ခိုင်းလိုက်လဲရတာကို

အမျိုးသမီးတွေများ အင်မတန်ရစ်ချက်
မားမို့လို့ မပြောရဲလို့သာ

"အော် လက်ဆောင်ပေးဖို့ပဲ
များလေကောင်းလေပေါ့..."

"အဲ့တာဆိုလဲ အိတ်တွေသယ်ဖို့လူခေါ်ခဲ့လေဗျာ
ရှိုးပဲ့တယ်..."

"ဒါလေး လေးငါးဆယ်ခုကို
ရန်ဖြစ်ရင်ကြမနာဘူးလား ..."

"မားကလဲဗျာ
ပြီးရောပြီးရောဝယ်  ကျတော်ကားပေါ်ဒါတွေသွားတင်လိုက်ဦးမယ်"

မားနဲ့လာတာဆိုတော့ accessories တွေလဲမဝတ်ဖြစ် အဝတ်အစားကလဲ အရောင်ဖျော့နဲ့ ကြွက်စုတ်ကြနေတာပဲ

ရှောင်ကျန့်လကုန်ပြီမို့ မားဆီကမုန့်ဖိုးရလာသည်

လိုချင်တာလေးတွေဝယ်ပြီးပြီမို့ စားချင်တာလေးတွေစားရမယ်

နေ့တိုင်းသာ လကုန်နေရင် ဘယ်လောက်ကောင်းမလဲနော် ဟီးဟီးးး

အပျော်လွန်နေတဲ့ရှောင်ကျန့်တယောက် လမ်းအကွေ့မှာ လူတယောက်နှင့်တိုက်မိသွားသည်

သူကတော့ဘာမှမဖြစ်ပေမယ့် တဖက်လူက အိတ်တွေအများကြီးနဲ့မို့ အကုန်ပြုတ်ကျကုန်တယ်

"ဆောရီး...ဆောရီးပါနော်
မမြင်လိုက်လို့...
အယ် ညီလေး..."

ဝမ်ရီပေါ် ဒေါသထွက်ထွက်နဲ့အော်ဖို့ပြင်လိုက်ပြီးကာမှ
ဟိုအူတူတူဖြစ်နေတာမို့

"ခများ..."

"အွန်း...
ဆောရီးပါ ကိုကြီးကအတွေးလွန်သွားတာ
လာလာအိတ်တွေ ကိုကြီးကောက်ပေးမယ်.."

မျက်နှာချိုလေးသွေးကာ အိတ်တွေပြန်ကောက်ပေးလိုက်ရင်း

"အများကြီးပဲ နှစ်ကူးအတွက်လား..."

ဒီလိုစတိုင်မမိတဲ့ဟာတွေ သူကဝတ်စရာလား ပြီးတော့ လူကြီးဝတ်တွေဟာကို

"သူများဖို့.."

"ဟင်..."

"သူများဟာတွေ ကျတော့်ဟာမဟုတ်ဘူး."

သူဆင်းရဲလေး ကျွန်တော့်ချစ်သူWhere stories live. Discover now