Part 9

644 72 14
                                    

ဒီနေ့ ကောင်လေးလာမယ်

မလာဘူး

လာမယ်

မလာဘူး

"ဟဲ့ သား ဘာကိစ္စ ခုံပေါ်ကနှင်းဆီတွေ လျောက်ခြွေနေတာလဲ "

"ဗျာ....
အော် ဟီးး
သိပ်မလန်းလို့လေမားရဲ့
သားက လှသွားအောင်ခွါပေးနေတာ..."

"ဘာကိုမလန်းရမှာလဲ ဒီမနက်မှလာပို့ထားတာတွေလေ
ခုဘာနဲ့ပန်းအိုးထိုးမလဲ သွား အခုသွားပြန်ဝယ်လာခဲ့..."

"မားကနေ နေပူသေးတယ်လေ ညနေမှသွားမယ်..."

"ညနေ အမှီထိုးချင်တာလေ သွားစမ်းပါ..."

......

"ဟွန်း နဂိုတည်းက အသားကမဖြူပါဘူးဆို ထပ်မဲတော့မယ်
ကောင်လေးနဲ့ ငါ့အသားက ကွာပြီးရင်ကွာပဲ...."

ရှောင်ကျန့် မီးပွိုင့်အကြာကြီးမိတာကြောင့် စိတ်ကမရှည်ချင်တော့

ပွစိပွစိတွေ ရေရွတ်ရင်း ဘေးဘီလျောက်ငေးနေမိသည်

ကောင်လေး

ဟုတ်ပါတယ် ကောင်လေးသေချာတယ်

ကိတ်ဆိုင်ထဲက ဆူပုတ်ပုတ်လေးနဲ့ထွက်လာတာ

အားးးး ချစ်စရာကောင်းလိုက်တာ

အင်မတန်ကြာတဲ့မီးပွိုင့်ကိုကျောခိုင်းကာ ကောင်လေးရဲ့မုန့်ဆိုင်ဘက်ဦးတည်လိုက်သည်

"ညီလေး..."

"ခများ..."

"အွန်း
ဆိုင်လဲမလာဘူး ဘာလို့လဲနေမကောင်းလို့လား
ဖုန်းလဲမကိုင်ဘူး အဆင်ပြေရဲ့လား
အခုက ကိတ်လာဝယ်တာလား
ညီလေးက ကိတ်ကြိုက်တယ်လား...
တယောက်ထဲလား
ဘယ်သွားမလို့လဲ ကိုကြီးလိုက်ပို့ပေးရမလား..."

သူကသာ တရစပ်တွေမေးနေတာ ဝမ်ရီပေါ်က သူ့ဆိုင်ကယ်ပေါ်က နှင်းဆီတွေကိုသာ စိုက်ကြည့်နေသည်

"ဘယ်သူ့ဖို့လဲ..."

သူမေးသမျှ ပြန်မဖြေပဲ လေသံမာမာနဲ့ အမေးခံလိုက်ရတော့ ရှောင်ကျန့် ကြောင်သွားသည်

"ဟမ်..."

"ဟိုပန်းတွေ..."

"ပေးဖို့ ...
ဟို ... ဆိုင်ဖို့လေ..."

သူဆင်းရဲလေး ကျွန်တော့်ချစ်သူWhere stories live. Discover now