Part 10

740 65 4
                                    

ရှောင်ကျန့်ကတော့ နေမြင့်လေ အရူးရင့်လေပဲ

ကောင်လေးကို မြင်နေတုန်းကလဲချစ်တယ်

မမြင်ရတော့လည်း ချစ်တယ်

ခု ပြန်တွေ့တော့လဲ ပိုချစ်တယ်

ဘယ်လိုလုပ်ရမလဲ  မိုးနတ်မင်းကြီးရေ ...

ဖွင့်ပြောလိုက်ရမလား?

ကလေးငယ်ငယ်လေးကို မြူဆွယ်သလိုဖြစ်သွားမလား?
ငွေနဲ့မျှားခေါ်သလို ဖြစ်သွားမလား?

သူက ရူးဂါးဒယ်ဒီဖြစ်မှာဆို အဖြစ်ခံနိုင်ပါတယ်နော်
ကောင်လေးကို မကောင်းပြောကြမှာစိုးလို့ပါ

ဒီတိုင်းလေးပဲ ကျောင်းပြီးတဲ့အထိစောင့်ရမလား?

မတော်လို့ ကျောင်းက ကောင်မလေးတွေ ကောင်လေးတွေနောက် ပါသွားရင်ရော
ကလေးက ရိုးရိုးသားသားလေးရယ်

သူတို့၂ယောက်ပဲ တိတ်တိတ်လေး ကြိုက်ကြရင်ရော..?
ကျောင်းပြီးမှ အားလုံးကို ဖွင့်ပြောပစ်မယ်
အင်း.... မားကိုတော့ တွဲပြီးတနှစ်လောက်မှ ဖွင့်ပြောလိုက်မယ်လေ ဟီးး

အကယ်၍ မားကသဘောမတူရင်ရော....

"ရှောင်ကျန့် !!!"

"အားး လန့်လိုက်တာမားရယ်..."

"လန့်ရမှာငါပါ
ဘာလို့ ဟင်းရွက်တွေကို အရိုးတွေယူပြီး အရွက်တွေလွှတ်ပစ်နေတာလဲ..."

"ဟင်..."

"ဟင်...မနေနဲ့
ဘာမှမလုပ်ချင်လဲ ထိုင်နေစမ်းပါ
ဆိုင်ကပစ္စည်းတွေ လိုက်မွှေမနေနဲ့..."

"မားကလဲ သားကကူပေးနေတဲ့ဟာကို
တခါတလေတော့ လွဲမှာပေါ့..."

"ဒီရက်ပိုင်း နေ့တိုင်းကိုလွဲနေတာလေ.."

"မား..."

"...."

"သား အတည်မေးမှာ ဒီဘက်လှည့်ဦး.."

"ဘာလဲ ..."

"အကယ်၍လေ သားရည်းစားထားရင် မားကဆူမှာလား.."

"ဟိုကလေးက  နင်ကိုပြန်ကြိုက်မတဲ့လား..."

"ဘာ .. ဘာကလေးလဲ
ရည်းစားထားမလို့ပါဆို..."

"အမလေး ကျန့်ကျန့်ရယ် သားသူ့ကိုကြိုက်တာ မားတင်မဟုတ်ဘူး
ဆိုင်အမိုးက အိမ်မြှောင်တောင်သိတယ်..."

သူဆင်းရဲလေး ကျွန်တော့်ချစ်သူWhere stories live. Discover now