ဝမ်ရီပေါ်လား ...
အခုလူလိမ်ဆိုင်မှာ ...
ဘာလုပ်နေလဲဆို....
ဟိုလူလိမ် စျေးရောင်းတာကို ထိုင်ကြည့်နေတာ...
ပုံစံကတော့ ပုံမှန်ရောင်းဝယ်နေကြသလိုပါပဲ
အကုန်လုံးကရော သူ့လိုအလိမ်ခံနေကြရတာလား....
သူ့မှကွက်ပြီး အလိမ်ခံနေရတာလား...ရှောင်ကျန့် ဟင်းတွေလိုက်ချပေးရင်း ကောင်လေးကို လှမ်းလှမ်းကြည့်မိသည်
ကောင်လေးက ပါးစပ်ကသာ အများကြီးမပြောတတ်တာ
မျက်ဝန်းတွေက အမြဲသူ့ဆီမှာသူပြန်ကြည့်ရင် ရှက်ပြီး မျက်နှာလေးလွှဲသွားသေး
ရှောင်ကျန့်အပြုံးတွေ နားရွက်တောင် တက်ချိတ်မိတော့မည်
ဒီလိုလူလိမ္မာလေးနဲ့ဆုံရမှာမို့ အကြာကြီးစောင့်ခဲ့ရတာပဲ
အရင်က အချစ်ရေးမစွံတိုင်း ပေါက်ကရပြောမိတဲ့ မိုးနတ်မင်းကြီးကို တောင်းပန်ပါတယ်ဗျ ဟီးးးရယ်ပဲရယ်နေနိုင်လွန်းတယ် ....
တကယ်စျေးရောင်းသူဆို ပင်ပန်းနေရမှာပေါ့
ခုကြ တွေ့သမျှလူ အကုန်ရယ်ပြနေတာပဲရီပေါ်စိတ်ရှုပ်လာသည်မို့ ထပြန်ရန်ပြင်လိုက်သည်
"အယ် ညီလေး ဗိုက်ဆာနေပြီလား
ဆောရီးနော် ဒီအချိန်က လူကျချိန်မို့
နောက်ကအခန်းမှာ ထိုင်စောင့်လေ ကိုကြီးနေ့လည်စာလာပို့ပေးမယ်
ဘာစားမလဲဟင် ဒီနေ့..."ဟက် သူဆိုင်ထဲမှာရှိနေတော့ မကြိုက်ဘူးပေါ့
ပ ထုတ်ချင်နေတာပေါ့..."မဆာသေးပါဘူး toilet သွားမလို့.."
တွေ့လား အဲ့ဒိလိုကလေးလေးပါဆို
ဗိုက်ဆာနေတာတောင် သူနဲ့မှတူတူစားချင်တာ"အွန်း ခဏပဲနော်
လူနည်းနည်းရှင်းတာနဲ့ ကိုကြီးတို့တူတူစားမယ်..."ရီပေါ် နောက်ဖေးဘက်မှာ ခေါက်တုံ့ခေါက်ပြန်လျောက်နေမိသည်
နေ့လည်ထိကတော့ ဟုတ်ပါပြီ ညအထိ ဘာအကြောင်းပြချက်ပေးပြီးနေရမလဲဟိုလူက စိတ်မထင်ရင် မထင်သလို စာတွေရှင်းပြလိုက် မုန့်တွေကျွေးလိုက်နဲ့
YOU ARE READING
သူဆင်းရဲလေး ကျွန်တော့်ချစ်သူ
Fanfictionဆိုင်ကယ်တစီးနဲ့ တမြို့လုံးပတ် သောင်းကျန်းဆိုးပေနေတဲ့ သူဌေးသားလူမိုက်လေးဝမ်ရီပေါ်နဲ့ အဲ့ဒိလိုလူဆိုးကိုမှ ဘယ်လိုမျက်စိမှောက်မှန်းမသိ ဆင်းရဲသားလူရိုးလေးဆိုပြီး သနားဂရုဏာသက်နေရှာတဲ့ ယုန်ပိန်းလေး ရှောင်ကျန့်