ဒီလိုကြီးလိမ်နေရတာက သူ့typeတော့မဟုတ်ဘူး
ပေါ်တင်ဖွင့်ပြောပြီး လူလူသူသူနေရာလေးတွေလဲ သွားချင်စားချင်တယ် ....,
ခုက ပန်းခြံနဲ့ဆိုင် ဆိုင်နဲ့ပန်းခြံ
ကြာတော့ ကိုယ့်ကိုကိုယ်တောင် တကယ်ဆင်းရဲသားထင်နေပြီ ....ပွင့်ပွင့်လင်းလင်းဖွင့်ပြောတာပဲကောင်းမယ် ....
သူ့ဘေဘီလေးလဲ မစီးရတာကြာပြီးဖုန်တက်တော့မယ်..ဆိုတော့ ဘေဘီလေးနဲ့တူတူ အူတူတူလေးဆီသွားမယ်
ပြောပြလိုက်မယ် အံ့ဩလဲခဏပေါ့ ...
ပြီးရင် ဘေဘီလေးနဲ့၂ယောက်သားပတ်စီးကြမယ်
ဟော်တယ်မှာမုန့်စားမယ် လက်ဆောင်တွေဝယ်ပေးမယ်
ကပ်စေးနဲ့လေးကို အပြတ်အမ်းပစ်လိုက်မယ် ....
ခများကြွေလိုက်စမ်းး ... ဟွင်းးးဟွင်းးး........
စိတ်ကူးတွေအပြည့်နဲ့ ခြံဝရောက်ရုံရှိသေး ဖုန်းကဝင်လာသည်
ကျင်းလင်ပဲဖြစ်ရမယ် မကိုင်တော့ပါဘူး နားငြီးတယ်ဟုတ်သားပဲ အပြန်သူတို့နဲ့လဲမိတ်ဆက်ပေးရဦးမယ်
ဟိုလူဖြင့် ပါးစပ်အဟောင်းသားတွေ ဖြစ်နေမှာပဲ.......
ဆိုင်ရှေ့ရောက်တော့ ဆိုင်ကပိတ်ထားသည်ထူးဆန်းလိုက်တာ ငါ့လဲဘာမှမပြောပါလား .....
သူသာနေမကောင်းရင် ညောင်နာနာလေးနဲ့ ဖုန်းဆက်မှာပါ
သူ့မားများနေမကောင်းလို့လား...တကြိမ်ခေါ်သည် မကိုင်
၂ကြိမ်မြောက်မှ အသံတိုးတိုးဖြင့်"ဟလို ကလေး..."
"အသံကဘာဖြစ်နေတာလဲ နေမကောင်းဘူးလား..."
"ကောင်းပါတယ်.. ဘာကိစ္စရှိလို့လဲ.."
"ကျတော်ကမေးရမှာ ဆိုင်ပိတ်တာလား..."
"အင်းဟုတ်တယ် ကလေးဆိုင်ရောက်နေတာလား..."
"အင်း..."
"အိမ်မှာ အဘွားတို့ရောက်နေလို့ ဒီရက်ပိုင်းပိတ်ထားမှာ..."
YOU ARE READING
သူဆင်းရဲလေး ကျွန်တော့်ချစ်သူ
Fanfictionဆိုင်ကယ်တစီးနဲ့ တမြို့လုံးပတ် သောင်းကျန်းဆိုးပေနေတဲ့ သူဌေးသားလူမိုက်လေးဝမ်ရီပေါ်နဲ့ အဲ့ဒိလိုလူဆိုးကိုမှ ဘယ်လိုမျက်စိမှောက်မှန်းမသိ ဆင်းရဲသားလူရိုးလေးဆိုပြီး သနားဂရုဏာသက်နေရှာတဲ့ ယုန်ပိန်းလေး ရှောင်ကျန့်