1

3.2K 194 29
                                    

Reminder : This Fic includes cameo of other 04 born idols and C-line artists cause I love every one of them.





"ကယ်ကြပါဦး!!! စောက်ခွက်ပြောင်နေရင်း တကယ်ချစ်မိသွားလို့!!!!"
.
.
.
.
.
.

အရိုးသားဆုံးဝန်ခံရမည်ဆိုလျှင် ဒီစာကြောင်းက သူတို့နှစ်ယောက်ချစ်ဇာတ်လမ်းအတွက် ပြီးပြည့်စုံသော တကြောင်းထဲအပြီး summaryပင်ဖြစ်သည်။ descriptionဆိုလည်းဒါ၊ နိဒါန်းဆိုလည်းဒီစာကြောင်း၊ စာကိုယ်မှာလည်း ဒီစာသား၊ နိဂုံးဆိုလည်း ဒီစကားလုံးတွေက မဖြစ်မနေပါရဦးမှာပင်။





Gyuvinနှင့် Rickyသည် မဟုတ်ကဟုတ်ကအကုန်လုပ်တတ်သည့် ဆယ်ကျော်သက်မှာစတွေ့ခဲ့တာဖြစ်ပြီး မဟုတ်ကဟုတ်ကဆိုသည့်အတိုင်း မဟုတ်တာရော ဟုတ်တာရော အကုန်အတူလုပ်ခဲ့ဖူးသည်။ ဆယ်ကျော်သက်အရွယ် အိမ်မက်ကိုယ်စီနှင့် နှစ်ယောက်လုံး တက်ကြွသည့်ကြက်ဖကြီးလို ဖလန်းဖလန်းထနေကြသည့်အရွယ်။ အလယ်တန်းနောက်ဆုံးနှစ်မှာ Gyuvin အတန်းခေါင်းဆောင်ကို ကူညီပြီး attendanceကောက်ပေးနေစဉ် Ricky Shenဆိုတဲ့နာမည်ကို စတင်ရင်းနှီးခဲ့တာဖြစ်သည်။

နာမည်ကိုဖတ်မိပြီး သူ့မှာ ဒီအခန်းထဲ ဒီနာမည်နဲ့လူရှိသလားဆိုသည့်အတွေးနှင့် မျက်လုံးလေးတွေဝိုင်းစက်ပြီး နှုတ်ခမ်းလုံးလုံးလေးက "O"ပုံစံခပ်ဟဟ။ ထိုနာမည်ကို ၃ခါထက်မနည်းအော်ခေါ်ပြီး ပြန်ထူးသံမကြားရတော့ နာမည်ဘေးအမှားခြစ်ခြစ်လိုက်သည်။ ခြစ်ပြီးပြီးချင်းမှာပဲ လေထုကရုတ်တရပ် အေးစက်လာသယောင်။ နောက်နားကနေ ယားကျိကျိဖြစ်လာသဖြင့် လှည့်ကြည့်လိုက်တော့ "အမလေးးးး ခေါင်းဖြူကြီးဟ!!!"

Gyuvinမှာ သူ့ကိုသူ ကမ္ဘာမြေပေါ် စာအုပ်လေးတစ်အုပ် ဘောပင်လေးတစ်ချောင်းကိုင်ရင်း မတ်တပ်လေးရပ်လျက်အသက်ရှုနေရာက ရုတ်တရပ် animeတွေထဲကလို portalပွင့်ပြီး dimensionများပြောင်းသွားသလား ထင်မိသွားသည်။ မတုန်မလှုပ်ဖြင့် မျက်စိရှေ့က ခေါင်းဖြူကောင်လေးကို ပြူးပြူးကြီးစိုက်ကြည့်နေမိသည်အထိ။

maskတပ်ထားတဲ့ ထိုကောင်လေးမျက်လုံးတွေက ဝမ်၅၀၀အကြွေစေ့လိုလေးမှန်း တွေ့တွေ့ချင်း သတိထားလိုက်မိသည်။ တချိန်ထဲမှာပဲ ထိုမျက်လုံးတွေလှပကြောင်း အသိအမှတ်ပြုလိုက်မိပါသည်။

𝐌𝐫. 𝐁𝐢𝐥𝐥𝐢𝐨𝐧𝐚𝐢𝐫𝐞 𝐚𝐧𝐝 𝐡𝐢𝐬 𝐩𝐮𝐩𝐩𝐲 𝐛𝐨𝐲𝐟𝐫𝐢𝐞𝐧𝐝Where stories live. Discover now