Double update! 🎉








နှစ်ယောက်သား အသက်၁၉ပြည့်သည့် 2023ခုနှစ်တွင် အင်တာနက်တခွင်ပြဲပြဲစင်မည့် ကိစ္စကြီးတစ်ခုထဖြစ်လေသည်။ Angelina Jolie ရုတ်တရပ် ယောင်္ကျားကောက်ယူလိုက်သည့်သတင်းကတောင် ဒီသတင်းလောက် နာမည်မကြီးနိုင်လို့ အင်တာနက်ကျွမ်းကျင်သူတစ်ဦးက ကောက်ချက်ချသည်။

ထိုကိစ္စကား Twitterကို Tesla Motors CEO Elon Muskက ဝယ်ယူလိုက်ပြီးနောက် app nameကို Xအဖြစ်သို့ပြောင်းလဲလိုက်သည့်သတင်းပင်။ ငှက်ပြာလေးကနေ အမှားခြစ်logoအမဲကြီးဖြစ်သွားတာကို ဘယ်သူမှမကျေနပ်။ မကျေနပ်သည့်အကြောင်းကလည်း social mediaပေါင်းစုံမှာ ပွထလို့။ ဒါပေမဲ့ negative tweetsတွေကို ဂရုပြုဖို့နေသာသာ တစ်ယောက်သောသူကတော့ app logoနှင့် nameကိုကြည့်ပြီး ပြုံးသာနေခဲ့ပါ၏။










Rickyမှာ ယခုတလောစွဲလမ်းမှုလေးတစ်ခုရှိသည်။ My Demonကားထဲက Song Kang characterပင်ဖြစ်၏။ ထိုကားကို အပိုင်း(၁)စလွှင့်ထဲက ongoingလိုက်ရုံမက တစ်ပိုင်းကိုနှစ်ခါလောက်ပြန်ပြန်ကြည့်နေတော့ Gyuvinပါ သတိထားမိသွားပြီး ခဏတဖြုတ်ဝင်ကြည့်လေတော့သည်။

"Woah အဲမင်းသားက ငါနဲ့ရုပ်မဆင်ဘူးလား"

"မဆင်ပါဘူး"

"ဘာလို့မဆင်ရမှာလဲ။ အခုမြင်လိုက်တာတောင် ငါ့ပုံတွေ မင်းခိုးရိုက်ထားပြီးကြည့်နေတယ်ထင်လို့ ဝင်ကြည့်မိတာကို"

"ရူးနေလား!"

"Plastic surgeryလုပ်လိုက်ရင်တော့ အတော်လေးတူသွားမယ်"

"မတူပါဘူးဆို"

"တူပါတယ်ဆို"

"နားငြီးတာကွာ။ Gyuvin ဖြစ်နိုင်ရင်လေ ငါမင်းကို ဟောသလို လက်ဖျောက်တီးပစ်လိုက်ချင်တာ"

"ဘာအဓိပ္ပာယ်လဲ အဲဒါ"

"မပြောဘူး"

"အားးး ပြောပါ Rik သိချင်တယ် သိချင်တယ်လို့"

"မပြောပါဘူးဆို"

"မပြောလည်းနေ။ ဖင်အရမ်းလှတယ် မင်း။ ရူးတော့မှာပဲကွာ"

ပြောပြောဆိုဆိုဖြင့် ဆိုဖာပေါ်လှဲအိပ်နေတဲ့ Rickyတင်ပါးကို ဓာတ်ပုံရိုက်သွားသဖြင့် Ricky ထိုမျက်နှာရူးကို ခေါင်းအုံးနဲ့ပစ်ပေါက်လိုက်ရပါသည်။











𝐌𝐫. 𝐁𝐢𝐥𝐥𝐢𝐨𝐧𝐚𝐢𝐫𝐞 𝐚𝐧𝐝 𝐡𝐢𝐬 𝐩𝐮𝐩𝐩𝐲 𝐛𝐨𝐲𝐟𝐫𝐢𝐞𝐧𝐝Where stories live. Discover now