3

870 120 23
                                    

ညဘက်ရောက်တော့ ဖစ်ဆိုတဲ့အရာကြီးကို စူးစမ်းချင်စိတ်ပေါ်လာသဖြင့် Gyuvin ဝင်နေကြappလေးထဲဝင်လိုက်သည်။ ရှာရင်းဖွေရင်းမွှေရင်းနဲ့ တွေ့သမျှaccountရာချီကိုfollowလုပ်ပြီးနောက် shipper accတွေကြားရောက်သွားကာ fanartတစ်ခုကိုသွားတွေ့သည်။

Gyubrikဆိုတဲ့captionနဲ့ သူတို့နှစ်ယောက်ရေခဲမုန့်အတူစားနေကြသည့်ပုံဖြစ်သည်။ artistက ဒီFicကိုပြန်ဆွဲထားတာဆိုပြီး linkလည်း ချပေးထားသည်။

ဝါးဟားဟားးးး နောက်ဆုံးတော့ကွာ
မင်းဘယ်ပြေးမလဲ မိချိုဖစ်ဆိုပြီး ထိုlinkကို အားရပါးရနှိပ်ချပစ်လိုက်သည်။

ဒီလိုနဲ့ linkထဲဝင်လိုက်တော့ မိန်မိန်းဆိုင်းဘုတ်နဲ့မှ နောက်appတစ်ခုဆီ ဝင်ခိုင်းနေသည်။

Accဖောက်ရမှာပေါ့ဆိုပြီး ကြည့်လိုက်တဲ့အချိန် တရုတ်ဖုန်းနံပါတ်တစ်ခုသာ ထည့်လို့ရတာတွေ့လိုက်သည်။ ဘယ်လိုလုပ်မလဲ သူ့မှာတရုတ်ဖုန်းနံပါတ်မှမရှိတာဆိုပြီး ငိုင်ကျသွားသည်။

ရင်းနှီးသမျှတရုတ်တွေမျက်နှာမြင်ယောင်ကြည့်မိတော့ နံပါတ်(၁)Ricky နံပါတ်(၂)Hao ge။ ဒါပေမယ့် Hao geဆီ "ဖုန်းနံပါတ်ငှါးပါလား။ ကျွန်တော်နဲ့ ကျွန်တော့်ရဲ့ ကြောင်လေးလိုချစ်စရာကောင်းတဲ့အခန်းဖော်သူငယ်ချင်းလေးအကြောင်းရေးထားတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်လောက်ဖတ်ချင်လို့ပါ"လို့ သွားပြောလို့ကလည်းမဖြစ်။

ကျောင်းဆရာပေါက်စဆီကနေ ပွစိပွစိအဆူခံရမှာသေချာသည်။ ပိုဆိုးတာက Hao geဆီကနေ Hanbin Hyungသိသွား၊ အဲကနေတဆင့် Jiwoong Hyungသိသွားလို့ကတော့ Gyuvinတို့စခံရတာနဲ့ အိမ်မှာတောင်နေစရာရှိမှာမဟုတ်ပေ။

ဒီတော့ လိုင်းအကုန်စုံတဲ့ ဆရာ့ဆရာကြီးYoo SeungEonကိုပဲ မေးဖို့ဆုံးဖြတ်လိုက်သည်။

📩

< ဟျောင့် China SIM cardတွေ ဘယ်မှာရောင်းလဲသိလား >

< သိတယ် >

< ဘယ်မှာလဲပြောပါဦး >

< China SIM cardဆိုမှတော့ Chinaမှာရောင်းတာပေါ့ >

< 😠 >

< Senior Ning Yizhuoဆီရတယ်ထင်တယ်။ သူတစ်ခေါက်က တစ်သောင်းတန်cardကို သုံးသောင်းနဲ့ရောင်းစားပြီး ရတဲ့ပိုက်ဆံ Haidilao hotpotသွားစားမယ်လို့ ပြောနေတာကြားလိုက်တယ်။ registrationလည်းလျှောက်ပေးတယ်တဲ့။ service feeကတော့ concert VIP ticketတစ်ခုစာလောက်ရှိတယ်။ >

𝐌𝐫. 𝐁𝐢𝐥𝐥𝐢𝐨𝐧𝐚𝐢𝐫𝐞 𝐚𝐧𝐝 𝐡𝐢𝐬 𝐩𝐮𝐩𝐩𝐲 𝐛𝐨𝐲𝐟𝐫𝐢𝐞𝐧𝐝Where stories live. Discover now