10

552 83 1
                                    

Shenပါပါးနှင့်မာမားသည် သားလေးပျော်ရင်ပြီးရော၊ ကျန်တာဘာဖြစ်ဖြစ်ဆိုသည့်စိတ်ဓာတ်မျိုးရှိသဖြင့် Gyuvinနှင့် Rickyကို နေရာမှာတင် သဘောတူလိုက်သည်။ Shenမာမားကတော့ Gyuvinကို ရုပ်ချောလွန်းလို့ဆိုကာ အမှတ်တွေပိုပေးသွားသည်။

"ကြည့်ပါဦး မျက်နှာသေးသေးလေးနဲ့ ဒီလောက်ချစ်စရာလေး။ ရှန်ရှန် ဖူးဖူးမှုတ်တာလည်းမဆန်းပါဘူး။ အမှား၁၀၀လုပ်မိရင်တောင် ပါးတစ်ချက်မရိုက်ရက်စရာရုပ်လေးမလား"

မာမားအပြောကိုကြားပြီး Gyuvin သွားကျိန်းချင်သယောင်ယောင်။ Shenပါပါးကတော့ ရှန်ရှန့်ကို ဂရုမစိုက်လို့ကတော့ သူကိုယ်တိုင် မြေဖို့သတ်မည်ဖြစ်ကြောင်း ရာဇသံပေးလေ၏။ Gyuvinမှာ ယောက္ခထီးလောင်း၏ လေသံမာမာ၊ စကားလုံးကြမ်းကြမ်း၊ မျက်နှာထားရင့်ရင့်ကြီးကို နှဖူးတွေ့ဒူးတွေ့ကြုံလိုက်ရသည့်အခါ နေရာမှာတင် မျက်ရည်လေးစမ်းတမ်းစမ်းတမ်းဖြစ်လာပါတော့သည်။

ချောတဲ့ကောင်လေးတွေမျက်နှာညှိုးတာ ခံနိုင်ရည်မရှိသည့်Shenမာမားက Gyuvinမျက်နှာအခြေအနေလေးကို ရိပ်စားမိပြီး Shenပါပါးကို နေရာမှာတင် ဗိုက်ခေါက်ဆွဲလိမ်ပါတော့သည်။

"အား... နာတယ် နာတယ် မိန်းမရဲ့"

"ငါ့သားမက်ကို နောက်တစ်ခေါက်ထပ်ခြိမ်းခြောက်လို့ကတော့ ဗိုက်ခေါက်ဆွဲလိမ်ရုံတင်မကဘဲ အိမ်ပေါ်ကနေပါ နှင်ချမှာ"

Gyuvinသည် ရုပ်ချောအောင်မွေးပေးသော မွေးမေမေကို ကျေးဇူးတင်လှသဖြင့် နေရာမှာတင် စိတ်မှန်းဖြင့် အကြိမ်ကြိမ်အခါခါ ဦးချကန်တော့နေမိပါသည်။







Rickyပါပါးနှင့်မာမားဆီက ခွင့်ပြုချက်ရပြီးနောက်မှာတော့ Gyuvinဖေဖေနဲ့မေမေကို အသိပေးဖို့အတွက် Gyuvinအိမ်ကို အရိပ်အမြွက်လေးတွေ စပေးဖြစ်သည်။
Gyuvinသည် အိမ်မှာအငယ်ဆုံးဖြစ်ရာ မိဘတွေကို အမျိုးမျိုးခေါ်ဝေါ်ပြီး အချွဲတုံးလေးလုပ်လေ့ရှိ၏။

"မေမေအိုမား တကယ်လို့ သားမှာရည်းစားရှိတယ်ဆိုရင် မေမေတို့ဘယ်လိုလုပ်မလဲ"

"အမလေး နင့်ကြိုက်တဲ့သူသာ ရှိပါစေဦး"

"ရှိခဲ့ရင်မေးတာလေ"

𝐌𝐫. 𝐁𝐢𝐥𝐥𝐢𝐨𝐧𝐚𝐢𝐫𝐞 𝐚𝐧𝐝 𝐡𝐢𝐬 𝐩𝐮𝐩𝐩𝐲 𝐛𝐨𝐲𝐟𝐫𝐢𝐞𝐧𝐝Where stories live. Discover now