Gyuvinသည် လက်ရှိနေထိုင်နေသောcondoက Rickyမိသားစုအပိုင်ဆိုတာ သိရှိပြီးနောက် မျက်လုံးတွေပြာပြီး မူးမေ့လုမတတ်။ ထိုမျှမက သူတို့တက်ခဲ့သည့်အထက်တန်းကျောင်း၊ တက်နေသည့်တက္ကသိုလ်ထိပါ Rickyမိသားစုက shareဝင်ထားသေးတယ်ဆိုတာသိသောအခါ အံ့ဩရလွန်းလို့ ဟနေတဲ့ပါးစပ်လေးခဗျာ ပြန်တောင်မစိနိုင်တော့။

"မင်း မင်း မင်းတို့မိသားစုက ဘာလုပ်တာလဲ"

သူများprivacyကိုဝင်စွက်ဖက်သလိုဖြစ်နေမှန်းသိသော်ညား မတတ်နိုင်။ ကိုယ့်ရည်းစားbackgroundသိတော့ထားရမယ်ဆိုသည့်အတွေးဝင်လာသည်။ အကယ်၍ Rickyတို့မိသားစုက ဘိန်းစိုက်ပြီးချမ်းသာလာတာဆိုရင် လက်နက်ကိုင်အုပ်စုတွေကို ခုထဲက လေ့လာထားမှတော်ကာကျမည်ဟု တွေးမိသည်။ ဘိန်းဆိုတာ နယ်စပ်မှာစိုက်လေ့ရှိပြီး ထိုသို့သောနေရာတွေက လက်နက်ကိုင်တွေ မင်းမူတတ်သည့်နေရာမျိုးမဟုတ်ပါလား။

ငွေးတိုးချေးစားလုပ်ငန်းနဲ့ချမ်းသာလာတာဆိုရင်တော့ သေချာပေါက် သူများမျက်ရည်ကြီးငယ်ကိုကျစေခဲ့တာမျိုး ရှိလိမ့်မည်။ အဲလိုမျိုးဆိုရင် သူအခုထဲက ဘုရားကျောင်းကို တနင်္ဂနွေနေ့တိုင်းသွားပြီး အပြစ်ကျေအောင် ဝန်ခံဦးမှပဲလို့ စဉ်းစားနေမိသည်။

အကယ်၍ mafiaတွေဆိုရင်တော့ Gyuvinချက်ချင်းပဲ Karateသင်တန်းကို စာရင်းပြေးသွင်းဖို့ ခြေလှမ်းအသင့်ပြင်ထားလိုက်သည်။ မဟုတ်သေး...။ Rickyတို့က တရုတ်ဆိုတော့ ကာရာတေးတိုက်ကွက်တွေ သုံးမယ်မထင်။ Wushuကွက်တွေပဲသုံးဖြစ်လောက်သည်။ အတွင်းအားကျင့်စဉ်တွေရော ကျင့်ရဦးမှာလား။ ရှောင်လင်ဘုန်းကြီးကျောင်းမှာ တပည့်သွားခံရမှာများလား။ mafiaဆိုတော့ ဘုန်းကြီးကရော လက်ခံပါ့မလား စသည် စသည်ဖြင့်။

မျက်လုံးလေးဝိုင်းစက်သွားလိုက်၊ ပါးစပ်လေး ဟသွားလိုက်၊ နှုတ်ခမ်းလေးပြန်စိသွားလိုက်၊ မျက်ဆန်လေး ထောင့်ကပ်သွားလိုက်ဖြင့် တမိနစ်အတွင်း မျက်နှာအမူအရာ အမျိုးပေါင်း၆၀ကျော်ပြောင်းနေသောGyuvinကိုကြည့်ရင်း Rickyသက်ပြင်းဖွဖွချမိသည်။ ချစ်လို့သာ ထိုင်ကြည့်နေရတယ်၊ ဘာတွေတွေးလို့တွေးမှန်းမသိ၊ အရမ်းအတွေးချော်တဲ့ Gyuvinကို တခါတလေတော့လည်း ဆူငေါက်ပစ်လိုက်ချင်သော်ညား အူတူတူမျက်နှာသေးသေးလေးကိုကြည့်မိတိုင်း ဘာမှပြောမထွက်ရက်။ အော်.. ငါ့ရည်းစားလေး ဒီလိုတွေချောင်နေလို့ တစ်ယောက်မှမကြိုက်ဘဲ ငါကြိုက်ပေးနေရတာပဲလို့တွေးမိပြီး သနားဂရုဏာစိတ်လေး ဝင်လာမိသည်။

𝐌𝐫. 𝐁𝐢𝐥𝐥𝐢𝐨𝐧𝐚𝐢𝐫𝐞 𝐚𝐧𝐝 𝐡𝐢𝐬 𝐩𝐮𝐩𝐩𝐲 𝐛𝐨𝐲𝐟𝐫𝐢𝐞𝐧𝐝Where stories live. Discover now