4

764 104 14
                                    

Ricky Shenသည်ကား သာမန်လူမဟုတ်။ တရုတ်ပြည်၏အချမ်းသာဆုံး top 10စာရင်းဝင် ရှန်မိသားစု၏ တစ်ဦးတည်းသောမျိုးဆက်သခင်လေးပင်။ ရှန်မိသားစု၏ကြွယ်ဝချမ်းသာပုံက အဆုံးမရှိ။ ကမ္ဘာ့မြေနေရာ ဘယ်အရပ်ကိုမဆို လက်ညှိုးထိုးကြည့်ပါစေ ရှန်မိသားစု၏ပိုင်ဆိုင်မှုနှင့် ကင်းလွတ်သည်ဟူ၍မရှိ။

ထိုသို့သောသခင်လေးမှာ ငယ်ရွယ်စဉ်ဘဝ home schoolingခဲ့ရာက ယခု ကိုရီးယားလာပြီး အဆောင်နေနေရသည်မှာ အကြောင်းရှိ၏။ authorက Gyubrick Ficရေးနေသည်ဖြစ်ရာ သူတို့နှစ်ယောက်ကိုတွေ့ဆုံစေဖို့အတွက်က ဒီလိုဆွဲစိမှဖြစ်မှာမို့ပင်။
(Cappuccinoသည် ဘယ်သောအခါမှ plotမပိုင်ဖူးပါ။ ရေးသမျှက plot holeတသိန်းတစ်သောင်းအထက် အမြဲရှိ၏။ ထို့ကြောင့် ပေါက်ကရမှန်သမျှသည်းခံပြီး ဖတ်ကြပါကုန်)

စကားဆက်ရလျှင် ရှန်မိသားစုအရှိန်အဝါကြီးမားပုံက ကောင်းကင်ထက်ပိုကျယ်ပြန့်ပြီး လေထုအလွှာ၄လွှာလုံးကို လွှမ်းမိုးနိုင်စွမ်းရှိကာ သမုဒ္ဒရာရေပြင်များထက်တောင် ထုထည်ပိုကြီးမားသည်ဟု အဆိုရှိ၏။ အစိုးရသည်ပင်လျှင် စီမံကိန်းတစ်ခုလုပ်မယ်ရည်ရွယ်တိုင်း ရှန်မိသားစုဆီ အဆိုတင်သွင်းရသည်။ Shenကခွင့်ပြုမှသာ ထိုစီမံကိန်းကို အကောင်အထည်ဖော်လုပ်ဆောင်ခွင့်ရှိပြီး ထိုသို့ဆောင်ရွက်ဖြစ်ရအောင်လည်း ရှန်မိသားစုဆီ အခွန်ပေးဆောင်ရ၏။ အထက်မှာဖော်ပြခဲ့သည့်အတိုင်း ရှန်မိသားစုပိုင်ဆိုင်မှုနှင့်ကင်းလွတ်သည့် မြေနေရာဟူ၍မရှိသောကြောင့်ပင်။

ထိုမိသားစုတွင် သားဦးလေးမွေးဖွားလာသည့်အခါ သခင်ကြီးက ကုမ္မဏီ၊စက်ရုံလုပ်ငန်းတွေအကုန်ပိတ်ပြီး ပျော်ပွဲရွှင်ပွဲ ခုနှစ်ရက်တိုင်တိုင်ကျင်းပသည်။ အစိုးရရုံးတွေသည်ပင်လျှင် ထိုခုနှစ်ရက်လုံးကို ရုံးပိတ်ရက်အဖြစ်ကြေညာရပြီး Shenလုပ်ငန်းသို့ ပစ္စည်းလက်ဆောင်များ ပို့ဆောင်ကြလေသည်။ အမေရိကန်ဒေါ်လာ20 billionတန်သည့်စိန်လင်ဗန်းနှင့်အချင်းဆေးပြီး စျေးအကြီးဆုံးသောပလက်တီနမ်အမျိုးအစားဖြစ်သည့် Palladiumဇွန်းကိုက်ကာမွေးလာသည့် သခင်လေးRicky Shenပါပင်။

Ricky လူ့လောကထဲရောက်လာစဉ်ကာလ အတိတ်နမိတ်ဖတ်သည့်ဘိုးတော် ဘွားတော် ဆရာတော်၊ ရှေ့ဖြစ်ဟောနောက်ဖြစ်ဟော အကြားအမြင်ဆရာ/ဆရာမ၊ ရိုးရာနတ်ကတော်၊ သိုက်အနွယ်ဖွားများ၊ ခေတ်သစ်tarotဟောသူတွေကအစ စကားတစ်ခွန်းကို တညီတညွတ်ထဲ ဆိုကြသည်။ ဤကလေး၏ဘုန်းကံမှာ ကြီးမားထည်ဝါလွန်းသည်ဖြစ်ရာ အသက်ရှုနေလျှင်တောင် ငွေဝင်မည်ဖြစ်ပြီး ရှုနေရသည့်အောက်ဆီဂျင်ကပင် ထိုကလေးကို လေးစားကြောက်ရွံ့လွန်း၍ သူ့အတွက်သီးသန့်ဖြစ်တည်ပေးနေရမည်တဲ့လေ။

𝐌𝐫. 𝐁𝐢𝐥𝐥𝐢𝐨𝐧𝐚𝐢𝐫𝐞 𝐚𝐧𝐝 𝐡𝐢𝐬 𝐩𝐮𝐩𝐩𝐲 𝐛𝐨𝐲𝐟𝐫𝐢𝐞𝐧𝐝Where stories live. Discover now