ဤသို့ဖြင့် Gyuvinတို့စာသင်သည့်ကျောင်းအဆောက်အအုံနှင့် အဆောင်နေရာမှာ နေ့တွင်းချင်းဆိုသလို အုတ်ခဲပုံဘဝရောက်သွားပြီး ကျောင်းသားတွေမှာ ယာယီနေစရာမရှိသဖြင့် အပြင်ဆောင်တွေမှာ တစ်လလောက်ထွက်နေရသည်။ Gyuvinကတော့ Gangnamသို့ပြန်နေဖို့တွေးမိသော်လည်း ရေခြားမြေခြားတိုင်းတပါးမှာ မျက်စိသူငယ်နားသူငယ်ဖြစ်နေရှာသော Rickyကို ဒီတိုင်းလေးမထားခဲ့နိုင်။ Rickyပုံလေးက လောကကြီးကို အင်မတန်စိတ်ပျက်အားလျော့နေတဲ့ပုံလေးဖြစ်လို့နေပြီး သူ့အထုပ်လေးသူပိုက်လို့ စူပုတ်ပုတ်နှင့် ထိုအုတ်ခဲပုံရှေ့မှာ မတ်တပ်လေးရပ်နေသည်လေ။

နောက်ဆုံးတော့ Gyuvinလည်း မနေသာတော့ဘဲ ကျောင်းနဲ့အနီးဆုံးကွန်ဒိုအခန်းတစ်ခုမှာ နှစ်ယောက်စာနေရာငှါးလိုက်ရသည်။ ကံကောင်းသည်က ထိုကွန်ဒိုခန်းအဆောင်က လွန်ခဲ့တဲ့မိနစ်ပိုင်းလေးကတင် စဖွင့်လိုက်တာဖြစ်ပြီး ပိုင်ရှင်တောင်မနေရသေး၊ Gyuvinတို့က ပထမဆုံးနေမယ့်သူတွေတဲ့လေ။ ကံဆိုးချင်တော့ Rickyက ငှါးနေဖို့ရာ ပိုက်ဆံမရှိပါတဲ့။

ထပ်မံကံကောင်းချင်တော့ ကွန်ဒိုခန်းပိုင်ရှင်က သဘောကောင်းလွန်းသည်ဖြစ်ရာ Gyuvinတို့ကို တစ်ယောက်ငှါး တစ်ယောက်freeဆိုပြီး အခန်းကဒ်ကိုလက်ထဲမရရအောင် ထိုးထည့်ပေးသွားသည်။ အထဲက ပရိဘောဂတွေကို ဘာမှအပိုအလို လျှောက်မထည့်ဖို့လည်း မှာကြားသွားသေး၏။

Gyuvinမှာ ကွန်ဒိုအခန်းထဲ လှည့်ပတ်ကြည့်ရင်း တအံ့တဩ။ အခန်းဖွဲ့စည်းပုံနှင့် ပရိဘောဂနေရာချထားရုံမှာ ခတ်မှီလွန်းသည်သာမက ညားကာစလင်မယားအတွက် ပြင်ဆင်ပေးထားသည်ဟုတောင်ထင်နိုင်သည်။ ကြည်လင်နေသည့်မှန်ချပ်တွေရဲ့တဖက်က မြင်ကွင်းကို ကောင်းကောင်းမြင်နိုင်ရုံမက master bedroomမှာ King Size bedကြီးက ထီးလို့ဟီးလို့။

ဒါတင်မက ရေချိုးခန်းထဲက bath tubကြီးမှာလည်း ကြောက်ဖို့ကောင်းလောက်အောင် အမြင်အာရုံမှာတင် ခမ်းနားထည်ဝါလွန်းသည်မက လူနှစ်ယောက်လောက် ကောင်းကောင်းဝင်ရေစိမ်လို့ရသည်အထိ ကျယ်ပြန့်နေသည်လေ။

"Ricky.. အခန်းငှါးတဲ့အစ်ကိုကြီးက သူ့မိန်းမနဲ့အတူနေဖို့ပြင်ထားပြီး မယူရသေးခင် ထားခံလိုက်ရလို့ စိတ်နာပြီး ငါတို့ကို ဒီလောက်အခန်းအကြီးကြီးကို ဒီလိုစျေးသေးသေးလေးနဲ့ငှါးပေးသွားတာလား မသိဘူးနော်"
ဘေးနား Ricky Shenကလွဲ ဘယ်သူမှမရှိသော်ငြား Gyuvinသည် ထိုအစ်ကိုကြီးကို သနားလွန်းလှသဖြင့် လေသံတိုးတိုးလေးနှင့် မှတ်ချက်ပေးနေမိသည်။

𝐌𝐫. 𝐁𝐢𝐥𝐥𝐢𝐨𝐧𝐚𝐢𝐫𝐞 𝐚𝐧𝐝 𝐡𝐢𝐬 𝐩𝐮𝐩𝐩𝐲 𝐛𝐨𝐲𝐟𝐫𝐢𝐞𝐧𝐝Where stories live. Discover now