7

590 85 2
                                    

Cappuccino's note : ရှေ့မှာတပိုင်းတင်ထားပါသေးတယ်။ notiမတက်လို့ မဖတ်မိဘဲ ကျော်သွားမှာစိုးလို့ပါ။



နှစ်ယောက်သား ယာယီနေဖို့ဆိုပြီး ငှါးလိုက်သည့် ကွန်ဒ်ိုကနေ အသစ်ဆောက်ပြီးသည့်ကျောင်းအဆောင်ကို မရွေ့ပြောင်းဖြစ်။ Gyuvinကတော့ Taesan၊ Seungeon၊ Yunseo၊ Jing Xiangတို့နှင့် အချိန်းအချက်ပြုထားသည့်နေ့များတွင်တော့ campusရှိ underground game cafeမှာ ညလုံးပေါက်ဂိမ်းဆော့လေ့ရှိသည်။ Rickyကလည်း Gyuvinမရှိသည့်နေ့မျိုးတွင် ဝမ်းကွဲအစ်ကိုအိမ်သွားလည်ဦးမယ်ပြောပြီး villaမှာပြန်နေလေ့ရှိသည်။

ဖြစ်ချင်တော့ အဲလိုတစ်ယောက်က game cafeသွားပြီး နောက်တစ်ယောက်က villaရောက်နေသည့်အချိန်မှာ သူခိုးက ကွန်ဒိုထဲထိ ကျုးကျော်ပြီး ပစ္စည်းဝင်ခိုးလေသည်။ technologyမြင့်သည်၊ လုံခြုံရေးအားကောင်းသည်၊ facilitiesပြည့်ဝပြီး ယုံကြည်စိတ်ချရသည်ဟု Shenသခင်လေး သတ်မှတ်ထားသော ထိုကွန်ဒိုမှာ သူခိုးဝင်လေတော့ မိုးနတ်မင်းထိုင်ခုံပါ အပူဟပ်သည်အထိ မိုးမီးလောင်လေတော့သည်။

တညလုံးvillaမှာသွားနေပြီး မနက်မိုးသောက်မှ ကွန်ဒိုပြန်ရောက်လေရာ အသိသတိကြီးရှာသော ရှန်သခင်လေးက အခန်းတံခါးမှာတင် မူမမှန်သည်ကို သတိထားမိပြီး ချက်ချင်းCCTVစစ်ကြည့်သည်။ မနက်၃နာရီမှာ ငနဲတစ်ကောင် အရေးပေါ်လှေကားကနေကျုးကျော်လို့ ကွန်ဒိုအပေါ်ထပ်တွေဆီ ဝင်လာတာတွေ့သည်။ Rickyတို့နေသည့်အခန်းတံခါးကို ခပ်မြန်မြန်ဖောက်သည်။ ဒီလောက်သွက်သွက်လက်လက်လှုပ်ရှားနိုင်ပုံထောက်လျှင် ဤသူခိုးသည် အရင်ဘဝထဲက ခိုးခြင်းအတတ်ဖြင့် ကျင်လည်ခဲ့သည့် ငတက်ပြားလက်သစ်။ ထိုသူခိုးက အခန်းထဲထိ ခပ်တည်တည်ဝင်လာသည်။ ဝင်ပေါက်ကိုကျောပေးပြီး ဧည့်ခန်းစားပွဲပေါ်တင်ထားသည့် Gyuvinကစားနေကြ PlayStation5 Console Slim- Digital editionကို လက်နဲ့တောင် တယုတယကိုင်ကြည့်နေလိုက်သေးသည်။

ထို့နောက် master bedroomထဲဝင်ချသွားသည်။ အိပ်ခန်းထဲထိတော့ CCTVမတပ်ထားသဖြင့် ဘာတွေသယ်နေမှန်းမသိရ။ အိတ်တလုံးအပြည့်ဖြင့် အိပ်ခန်းထဲကနေ ပြန်ထွက်လာပြီး ကွန်ဒိုခန်းကနေပြန်ထွက်မယ်အလုပ် ဧည့်ခန်းနံရံပေါ်ချိတ်ဆွဲထားသော ရွှေရောင်တလက်လက်ထနေသည့် ဘောင်ကွတ်ထားသော အနီရောင်နောက်ခံ နှစ်ယောက်တွဲပုံကြီးကို သွားတွေ့သည်။ ပုံထဲက တစ်ယောက်ကိုမသိသော်ညား နောက်တစ်ယောက်ကတော့ Shenမိသားစုသခင်လေးဖြစ်မှန်း ကောင်းကောင်းအမှတ်ရပုံပေါ်သည်။ နေရာမှာတင် ခွေခေါက်လဲကျသွားပြီး ထိုဓာတ်ပုံကို တုန်တုန်ချိချိ ထိုင်ကန်တော့နေသည်လေ။

𝐌𝐫. 𝐁𝐢𝐥𝐥𝐢𝐨𝐧𝐚𝐢𝐫𝐞 𝐚𝐧𝐝 𝐡𝐢𝐬 𝐩𝐮𝐩𝐩𝐲 𝐛𝐨𝐲𝐟𝐫𝐢𝐞𝐧𝐝Where stories live. Discover now