2

996 128 17
                                    

Gyuvinသည်ကား သူ့ကိုဘယ်သူခေါ်ခေါ်မခေါ်ခေါ်၊ သူ့ဘက်ကစခေါ်ဖို့ ဝန်မလေးတတ်သည့်လူမျိုးပါပင်။ (ဤစိတ်ထားသည် သူစိတ်ကောက်နေသည့်အချိန်မှာတော့ အကျုံးမဝင်ပါ။)

ဒါကြောင့် Rickyက သူ့ကိုအဖတ်မလုပ်သော်ညား သူကတော့ တစ်နေ့မှာ အနည်းဆုံး၆၅ခေါက်လောက်တော့ ပုံမှန်စကားသွားပြောဖြစ်ပါသည်။

"Mornee Ricky"
အိပ်ရာထနှုတ်ဆက်နည်း။

"ဟဲဟဲ တွေ့ပြန်ပြီနော်"
တစ်ခန်းထဲအတူနေပြီး ရေချိုးခန်းထဲကထွက်အလာ နှုတ်ဆက်နည်း။

"Wow မိုက်လိုက်တာ"
အဝတ်အစားလဲပြီးတဲ့ Rickyကို နှုတ်ဆက်နည်း။

"ဟုတ် မေ နေကောင်းတယ်။ ဒီမှာ သားအခန်းဖော်"
ဟိုဘက်ကကြည်ဖြူတာလား မကြည်ဖြူတာလားမသိ။ အမေနှင့် တန်းပြီးဖုန်းထဲကနေ မိတ်ဆက်ပေးခြင်း။

"Aigooo eumppappaလေးလား။ ဒီမှာ ကိုကို့သူငယ်ချင်းကို နှုတ်ဆက်လိုက် ဝုတ်လို့"

"ဝုတ်"

"အယ် Ricky! eumppappaက မင်းကိုကြိုက်တယ်ဟ။ ပြန်နှုတ်ဆက်လိုက်ဦး"
ခင်လည်းမခင်သေးဘဲ လူတဖက်သားကို ခွေးနှင့်မိတ်ဆက်ပေးခြင်း။

"ရတယ် Minju။ ငါနဲ့Ricky စာအုပ်တွေသွားပေးလိုက်မယ်"
စာအုပ်တွေသယ်ခိုင်းပြီး ကျောင်းရုံးခန်းထိပါ လိုက်ပို့ခိုင်းခြင်း။

"Vending machineကမဟုတ်ဘူး။ cafeကဝယ်လာတာ strawberry milkshake"
သူ့လည်း ဘာမှမမှာရပါဘဲ Rickyသောက်ဖို့ယူလာပေးခြင်း။

"Menuအသစ်ထွက်တာ။ မင်းကြိုက်မယ်ထင်လို့"
Rickyဘာမှမပြောတောင် Rickyအကြိုက်ကို နားလည်နေခြင်း။

ဤသို့ဤသို့ အကြောင်းမရှိ အကြောင်းရှာ တစ်နေ့ကို၆၅ခေါက်တော့ စကားကိုမရရအောင် ရှာကြံပြောတတ်လွန်းသည့်Gyuvinပင်။ ဒါကလည်း Gyuvinက Rickyနဲ့မှမဟုတ်၊ လုတိုင်းနှင့် ဖက်လဲတကင်းနေလေ့ရှိသည်။

သို့သော် သူမသိသည်မှာ Rickyကတော့ Gyuvinနှင့်မှ စကားတစ်ခွန်းစနှစ်ခွန်းစပြောလေ့ရှိတာပါတဲ့။ ဤအချက်ကို Rickyကိုယ်တိုင်လည်း သတိထားမိပုံမပေါ်။ စောင့်ကြည့်နေတဲ့မျက်လုံးတွေကတော့ ကောင်းကောင်းသတိထားမိသည့်ပုံ။




𝐌𝐫. 𝐁𝐢𝐥𝐥𝐢𝐨𝐧𝐚𝐢𝐫𝐞 𝐚𝐧𝐝 𝐡𝐢𝐬 𝐩𝐮𝐩𝐩𝐲 𝐛𝐨𝐲𝐟𝐫𝐢𝐞𝐧𝐝Where stories live. Discover now