12

787 106 53
                                    

နောက်ဆုံးနှစ် finalဖြေပြီးသည့်နောက်မှာတော့ Gyuvinသည် Rickyလက်ကိုဆွဲလို့ အိမ်ခေါ်လာပြီး မိဘတွေနှင့် တရားဝင်မိတ်ဆက်ပေးခဲ့သည်။

"ဟယ် ပြတ်ပြီထင်နေတာ။ မပြတ်သေးဘူးလား"
Rickyကိုမြင်မြင်ချင်း Gyuvinမေမေမှာ တအံ့တဩ။

"သားက ဘယ်တုန်းက ပေးသိလိုက်လို့ တွဲနေမှန်း သိသွားတာလဲ"

"ငါနင့်မွေးထားတဲ့အမေပါဟယ်။ နင့်မျက်နှာကြီး ငှက်ပျောသီးရတဲ့မျောက်လို ပြုံးဖြီးနေပြီး အဆောင်ကနေ အိမ်ပြန်မလာတော့ထဲက သိလိုက်ပါတယ်"

"အယ်...ဒါဆို သား ကောင်လေးနဲ့တွဲနေတာ မေမေစိတ်မဆိုးဘူးပေါ့"

"ဘယ်စိတ်ဆိုးရက်မလဲ သားရယ်။ မင်းလို အရှုပ်ထုပ် ပြားကိုးဆယ်လိုလေးကို သဘောကျပေးတာ ကျေးဇူးတောင်တင်ရဦးမယ်။ ဒီဘက်ကလူချောလေးရယ် အန်တီစိတ်ရင်းနဲ့ကို ကျေးဇူးတင်ပါတယ်ကွယ်"

Gyuမေမေပြောတာနားထောင်ရင်း ဖေဖေကလည်း ခေါင်းတဆတ်ဆတ်ငြိမ့်နေသည်။

"Yayyy အိုမားစိတ်မဆိုးရင် အောင်စာရင်းထွက်တာနဲ့ သားလင်ယူပြီလေ"

"ဟဲ့ ဟဲ့ တဖက်သားကို အားနာစရာ။ ဘာတွေပြောနေတာလဲ။ မင်းကို သူက အတည်ယူမှာမို့လို့လား"

"ဒီဘက်ကလူလေး ဦးလေး စေတနာနဲ့ သတိပေးမယ်နော်။ သေချာစဉ်းစား။ အခုလို ချစ်စခင်စမှာ ဘာမှပြဿနာမရှိပေမယ့် အချိန်တွေကြာလာရင် Gyuကို သားက သည်းခံနိုင်ပါ့မလား"

"ဟုတ်တယ် သားရယ်။ အန်တီတို့အိမ်မှာ သူတွေးသမျှမေးသမျှသည်းခံနိုင်တာဆိုလို့ အိမ်မှာမွေးထားတဲ့ခွေးပဲရှိတယ်။ မိဘတွေတောင် ဒီကောင့်ကို တခါတလေ ကြိတ်ချင်နေတာ တကယ်"

"မေမေကလည်း သားရည်းစားရှေ့ အဲလိုကြီးတွေ မပြောပါနဲ့!"

"အောင်မာ.. ဒီကလေး မအေက အမှန်ပြောနေတာကို လာအော်နေတယ်"

Gyuမေမေသည် ပြောရင်းနှင့် သွားကြိတ်ပြီးမေးငေါ့လိုက်တော့ Gyuသည် Rickyရင်ခွင်ထဲ အပုံ့လိုက်လေး တိုးဝင်လိုက်ပါသည်။

"လူတွေက ကြောက်ဖို့ကောင်းလိုက်တာ ကိုကိုရယ်🥺🥺"

"ဟာ ဟျောင့် မင်းအဖေနဲ့အမေရှေ့နော်"

You've reached the end of published parts.

⏰ Last updated: Mar 09 ⏰

Add this story to your Library to get notified about new parts!

𝐌𝐫. 𝐁𝐢𝐥𝐥𝐢𝐨𝐧𝐚𝐢𝐫𝐞 𝐚𝐧𝐝 𝐡𝐢𝐬 𝐩𝐮𝐩𝐩𝐲 𝐛𝐨𝐲𝐟𝐫𝐢𝐞𝐧𝐝Where stories live. Discover now