5

1.1K 121 40
                                    

ဤသို့ဖြင့် တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်စွခွက်ပြောင်ပြီး စစ်အေးတိုက်ပွဲကျင်းပလာရာ ရက်မှလချီ၊ လကနေ နှစ်တောင်ပြောင်းလာပြီဖြစ်၏။ နှစ်ယောက်သားသည်လည်း နှစ်ယောက်ကြားဆက်ဆံရေးကို အနည်းငယ်ဇဝေဇဝါဖြစ်ချင်လာသည်။

Ricky Shen အသက်၁၇နှစ်ပြည့်သည့်နေ့မှာတော့ Gyuvinသည် သူ့တကိုယ်လုံးကို ဖဲကြိုးလေးနဲ့ချည်လို့ "မွေးနေ့လက်ဆောင်အစား ငါလာပါတယ်။ ငါက မွေးနေ့လက်ဆောင်ပါ"ဆိုသည့်စာတန်းလေးနှင့် Rickyရှေ့တွင် ဒူးထောက်ကာ အသည်းပုံပန်းရောင်စိန်ပွင့်ကြီးကပ်ထားတဲ့လက်စွပ်တစ်ကွင်းကို လက်တွင်စွပ်ပေးလေသည်။

"အဲတာ မုန့်ပုံးထဲကပါလာတဲ့ ကလေးကစားစရာအရုပ်လား"

"ဖြစ်စရာလား။ ငါ့ရည်းစားအတွက် ခြေတိုအောင် မြို့ပတ်ရှာပြီး ဝယ်လာရတာကွ"

Taesanအမေးကို Gyuvinက ထိုသို့ခပ်ပြတ်ပြတ်ပြန်ဖြေခဲ့သည်။

Rickyဖြင့် ရှက်လွန်းလို့ ပါးတွေနားတွေပါနီကုန်လေပြီ။ ဒါပေမဲ့ ဘာမှတော့ဆက်မဖြစ်။

Gyuvinမွေးနေ့တွင်တော့ Rickyက Gyuvinကို လက်စွပ်တစ်ကွင်း လက်ဆောင်ပြန်ပေးခဲ့သည်။ Gucci ringမှန်း သိသိချင်း Gyuvinမှာ မျက်လုံးလေးတွေဝိုင်းစက်လို့ ပါးစပ်ကလည်း Frozen 2ထဲက အအေးကြိုက်တဲ့ပုတ်သင်ညိုလေးရဲ့ အဖေ၊အမေ၊အစ်မ၊ညီမ၊အစ်ကို၊ညီ တစ်မိသားစုလုံး ဝင်အိပ်လို့ရအောင်ထိ ပြူးကျယ်သွားသည်။

ထိုလက်စွပ်က ဒေါ်လာ၃၀၀တန်မှန်း Taesanပြောလာသည့်အခါမှာတော့ Gyuvinဦးနှောက်လေးမှာ နေရာမှာတင် ချာချာလည်ကုန်၏။

Rickyက Gyuvinမွေးနေ့တွင် သူ့မွေးနေ့လို့ထင်ရလောက်အောင်ထိ အပြတ်အသက်ရွှိင်းလာတာဖြစ်ပြီး အင်္ကျီကိုပါလက်ဖျံထိခေါက်တင်ထားကာ ဆံပင်ကလည်း အကျအနgelလိမ်းလို့ ပုံသွင်းထားတာဖြစ်၏။ ဘယ်နှစ်သန်းတန်မှန်းမသိတဲ့ ဆွဲကြိုးကြီးကလည်း လည်ပင်းမှာထင်းလို့လင်းလို့။ hoodieလေးဝတ်ပြီး ဆံပင်ဘုတ်သိုက်လေးနှင့်Gyuvinမှာ Rickyဘေးဝင်ထိုင်လိုက်တော့ အလိုလိုက်တဲ့ရုပ်ရှိရေလျှံဘဲချောကြီးနှင့် သူ့ဘေဘီပါပီကလေးလေးအတွဲအထာပေါက်နေတော့သည်။

𝐌𝐫. 𝐁𝐢𝐥𝐥𝐢𝐨𝐧𝐚𝐢𝐫𝐞 𝐚𝐧𝐝 𝐡𝐢𝐬 𝐩𝐮𝐩𝐩𝐲 𝐛𝐨𝐲𝐟𝐫𝐢𝐞𝐧𝐝Where stories live. Discover now