ထယ်ရယ် ကားပါကင်၌ ကားထိုးလိုက်ပြီး စက်သတ်ရပ်လိုက်သည်။ ထို့နောက် အိတ်နဲ့ စာရွက်စာတမ်းတစ်ချို့ကိုယူပြီး ကားထဲကထွက်သည်။ ထို့နောက်ကျောင်းဆောင်ရှိရာဆီ အသွား ဘေးကနေကပ်လျက် အတင်းဖြတ်မောင်းသွားသည့် ကားတစ်စီးကြောင့် ထယ်ရယ်မတိုက်မိဖို့ အမြန်ရှောင်လိုက်ရသည်။ ထိုအခါ လက်ထဲက ပျံ့ကျဲသွားသည့်စာရွက်တစ်ချို့။ ထိုကားကတော့ ကားရပ်ရမည့်နေရာမှာတောင် သေချာမရပ်နိုင်ပဲ ဖြစ်ကတတ်ဆန်းထိုးထားသည်။ထို့နောက်ကားထဲကထွက်လာတဲ့သူက တစ်ခါမြင်ထားရုံနဲ့ကို မှတ်မိနိုင်သည့် ရစ်ခီရှန် ။ ရှပ်ကို ကြယ်သီး၃လုံးလောက် ဖြုတ်ကာ ဝတ်ထားပြီး ဘောင်းဘီကလယ်သာအကျပ်နဲ့ ၊ဘရုတ်သုတ်ခ ဖြစ်ကတက်ဆန်း ဆံပင်ပုံစံ ၊ ပတ်ဝန်းကျင်ကို ဂရုမစိုက်သလိုပုံစံနဲ့ အဆောင်ထဲဝင်သွားသည်။"တောက် !! .... "
ထယ်ရယ် တောက်တစ်ချက်ခေါက်လိုက်ရင်း စာရွက်တို့ကို လိုက်ကောက်လိုက်သည်။စိတ်ကိုမနည်းဆွဲ့ဆန့်ထားရတာပဲ ....။
"အားလုံးပဲ မဂ်လာပါ ..... ဆရာ့နာမည် ကင်မ်ထယ်ရယ်ပါ။ မနေ့က အချိန်မရတော့ သေချာ မိတ်မဆက်လိုက်ရဘူး ...မင်းတို့ကို Maths သင်ပြပေးမှာပါ ..."
ရစ်ခီ ခုံပေါ် ခေါင်းမှောက်ကာ အိပ်နေတုန်း ကြားလိုက်ရတဲ့ အသံကြည်ကြည်တစ်ခု။ နောက်ထပ် ပါမောက္ခတွေရောက်လာပြန်ပြီထင်တယ်။ရစ်ခီ မော့ကြည့်မနေတော့ပဲ မှောက်လျက်သာ ပြန်အိပ်နေတော့သည်။ညက ကားပြိုင်ပွဲကြောင့် အများကြီးရှုံးထားလို့ ရန်ပွဲဖြစ်ပြီး လူကဘူနေတာဖြစ်သည်။ကင်မ်ဂယူဗင်းတို့ကတော့ ညကရန်ပွဲကြောင့် ဒဏ်ရာရပြီး သူ့ဖခင်ရဲ့ထိန်းသိမ်းခြင်းကိုခံနေရသည်။ရစ်ခီကတော့ အိမ်ပြန်ဖို့စိတ်ကူးမရှိ။ ပြန်တာနဲ့ ပျံဝဲလာမည့် ပန်းအိုးတွေ၊ ကျောပေါ်ရောက်လာမည့် ခါးပတ်ရာတွေ။ လူကတော့ အရေထူနေပြီဆိုပေမဲ့ စိတ်ကတော့သောက်ရမ်းရှုပ်ဖို့ကောင်းတာမို့ အိမ်မပြန်ချင်။ လူတွေက သူဆိုးတာမြင်သည်။ သူရမ်းကားတာမြင်သည်။ သူဘာကြောင့်အဲလိုလုပ်ရသလဲ ဘယ်သူမှမမေး။ မေးဖို့လည်းမရဲလောက်ပါဘူး သူတို့ကြောက်တယ်လေ။ သူတို့ကြောက်တာ ရမ်းကားနေတဲ့ ရစ်ခီရှန်မဟုတ်ဘဲ ရစ်ခီရှန့်နောက်က အာဏာ၊ပါဝါ၊ ပိုက်ဆံတွေကိုပဲပေါ့။ အဲတော့ ရစ်ခီက သူတို့ကြောက်တဲ့ အာဏာ၊ပါဝါ၊ပိုက်ဆံတွေနဲ့ပဲ ဖြဲခြောက်ပြီးကိုယ်ကပဲအနိုင်ကျင့်ထားလိုက်သည်။ကပ်ဖားရပ်ဖားဆရာတွေ၊ကပ်ဖားရပ်ဖားအကောင်တွေ၊ အခုချိန် ရစ်ခီသာ ဘာမှမရှိတော့ရင် အနိုင်ကျင့်ခံရမည့် သူက ကျိန်းသေပေါက်ရစ်ခီဖြစ်ပါလိမ့်မည်။
YOU ARE READING
HOME
Fanfiction~ ကိုယ်က မင်း မှီခိုလို့ ရနိုင်မဲ့ နေရာ ~ မင်းက ကိုယ်မှီခိုလို့ ရမဲ့နိုင် နေရာ ~ Cause I'm your home 🏠