အေးစက်စက်ဖြစ်နေတဲ့ကော်ဖီတစ်ခွက်ကို အသာတစ်ကျိုက်ယူလို့မော့ရင်း စာအုပ်ထဲအာရုံစိုက်ဖို့ပြင်သည်။သို့သော်မြင်ယောင်လာသည့် ပုံရိပ်တို့ကြောင့် ဘယ်လိုမှ အာရုံစိုက်မရဘဲ စာအုပ်အားပိတ်ပစ်လိုက်သည်။ ရစ်ခီရှန် ရစ်ခီရှန် မင်းငါ့ကိုတော်တော် ဒုက္ခပေးနိုင်တာပဲ ...။ ဖတ်မရတော့မဲ့အတူ စာဖတ်ခန်းထဲက ပြန်ထွက်လာပြီး ကိုယ့်အခန်းထဲပဲပြင်ဝင်လာခဲ့သည်။ အခန်းရဲ့ပြတင်းပေါက်တံခါးကို အသာဖွင့်လိုက်တော့ ခပ်သင့်သင့်လေညှင်းတို့က ဖြည်းဖြည်းချင်းတိုက်ခတ်လို့လာသည်။ ရှုပ်ရှက်ခက်နေတဲ့ စိတ်တို့အား မျက်လုံးမှိတ်ကာ အသာငြိမ်အောင်လုပ်လိုက်ပြီး နောက် မျက်ဝန်းတို့အားအသာအယာပြန်ဖွင့်လိုက်သည်။ ထို့နောက် ပတ်ဝန်းကျင်ကို မျက်ဝန်းကစားမိရင်း တစ်နေရာအရောက်မှာ မျက်ဝန်းတို့အား ကျောက်ချမိသွားသည်။ လမ်းတစ်ဖက်မှာ ဆိုင်ကယ်ရပ်ပြီး ဒီဘက်ကိုကြည့်နေတဲ့ လူဟာ သေချာပေါက် ရစ်ခီရှန်ပင်။ ရစ်ခီကလည်း ဒီဘက်ကိုကြည့်နေသလို ထယ်ရယ်လည်းအကြည့်မလွှဲမိပဲ ပြန်ကြည့်နေမိသည်။ ခနအကြာမှာ ထယ်ရယ့်ဘက်ကပဲအကြည့်ပြန်လွှဲကာ တံခါးပိတ်ချလိုက်သည်။ ထို့နောက်အိပ်ရာထက် ဝင်ကာလှဲပြီး စောင်ပုံကြားထဲ တိုးဝင်မိသည်။ ကိုယ် မင်းနဲ့မတွေ့ချင်သေးဘူး ရစ်ခီ။
15မိနစ်လောက်ပဲကြာသည်ထင်သည်။ နေ့လည်ကရစ်ခီရှန်ရဲ့မျက်နှာကိုပြန်မြင်ယောင်လာတဲ့အခါ မနေနိုင်တဲ့စိတ်နဲ့အတူ အိပ်ရာထက် ထထိုင်မိလိုက်သည်။ ထို့နောက် အခန်းထဲက သူဆောင်ထားတတ်တဲ့ဆေးဘူးအား ယူပြီး အောက်ထပ်ဆင်းသည် ။ ဆေးဘူးဆောင်ရတာကလည်း ရစ်ခီရှန်နဲ့ ရင်းနှီးပြီးမှ ခနခနရလာတဲ့ဒဏ်ရာတွေအားဆေးထည့်ပေးဖို့ဆောင်ရတာဖြစ်သည်။ ထယ်ရယ် ခြံတံခါးဖွင့်ကာ ထွက်လာတာမြင်တော့ ဆိုင်ကယ်မှီလျက် ကနေ မတ်မတ်ရပ်ကာ လက်ထဲက အရာအားလွှတ်ချကာ ခြေထောက်နဲ့နင်းနေတာ မြင်လိုက်ရသည်။ ဒီကလေး ဆေးလိပ်သောက်ပြန်ပြီပဲ ...။
"အစ်ကို ...... "
ခပ်တိုးတိုးခေါ်လာသည့် အသံကိုလျစ်လျူရှုပြစ်ရင်း လက်ဆွဲကာ ခြံထဲပဲခေါ်လာခဲ့လိုက်သည်။ ခြံထဲက ခုံတစ်ခု၌ထိုင်စေရင်း မျက်နှာထက်က ဒဏ်ရာအား ဆေးထည့်ပေးဖို့ပြင်သည်။ ထယ်ရယ် လက်တို့အား မျက်နှာဆီလှမ်းတော့ ရစ်ခီက ကြားထဲက လက်ကိုဆုပ်ကိုင်ကာ လှမ်းလို့တားသည်။ ထယ်ရယ်က ဘာလုပ်တာလဲ ဆိုသည့်သဘောနဲ့ မျက်လုံးလှန်ကြည့်တော့ ...
YOU ARE READING
HOME
Fanfiction~ ကိုယ်က မင်း မှီခိုလို့ ရနိုင်မဲ့ နေရာ ~ မင်းက ကိုယ်မှီခိုလို့ ရမဲ့နိုင် နေရာ ~ Cause I'm your home 🏠