ခပ်လေးလေးဖြစ်နေသည့် မျက်တောင်တို့အား ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း အသာအယာဖွင့်မိသည်။ စိမ်းသက်နေတဲ့မျက်နှာကျက်နဲ့ဆေးနံ့အချို့တို့ကြောင့် အိမ်မှာမဟုတ်ဘဲဆေးရုံရောက်နေတာမှန်းသိလိုက်သည်။ ဦးနှောက်ပြန်အလုပ်ပေးတော့မှ သူ ဆိုင်ကယ်အတိုက်ခံရမလိုဖြစ်တာပြန်တွေးမိသည်။ ထို့အတူ သူ့ဆီပြေးလာသည့်သူကို ပြန်တွေးမိရင်း ... ထဖို့ပြင်လိုက်တော့ အပ်ထိုးထားသည့် လက်တို့ကစူးခနဲ မို့ ပြန်သာလှဲနေလိုက်သည်။။
"ဟျောင်း သတိရပြီလား..... "
မေးလာသည့်လူက ယူဂျင်း။ ဘေးမှာတော့ ဟာအိုရယ်။ သူအခန်းထဲ တစ်စုံတစ်ယောက်အား ဝေ့ရှာတော့ ယူဂျင်းကလိုက်ကြည့်သည်။ ဟာအိုက....
"သက်သာတယ်မလား ထယ် .ဘယ်လိုနေသေးလဲ .."
"သက်သာပါတယ် ... ငါမေ့နေတာကြာပြီလား ..."
"4နာရီလောက်တော့ရှိပြီ ... ငါဖြင့်လန့်သွားတာပဲ ထယ်ရယ်ရာ ..... အစောကတည်းကနေမကောင်းရင် ပြောပါလား ... ကံကောင်းလို့ .... အခုရော အဆင်ပြေရဲ့လား ...."
"အဆင်ပြေပါတယ် ... မင်းပြန်ချင်ပြန်တော့လေ .ဟာအို ...အန်ကယ်လ်စိတ်ပူနေမယ်..ယူဂျင်းက ငါ့ညီလေးမို့ ...သူစောင့်ပေးလိမ့်မယ် ရတယ်..."
"ok ...ok မင်းအဆင်ပြေနေတယ်ဆို ပြီးတာပဲ ဒါဆို ငါ့ ဖားသားကြီးလှမ်းခေါ်နေလို့သွားမယ်နော် .."
ဟာအိုအပြောကို သူခေါင်းငြိမ့်ပြလိုက်သည်။ဟာအို ထွက်သွားခါမှ ...ထယ်ရယ် ထထိုင်ဖို့လုပ်တော့ ယူဂျင်းကကူပေးသည်။
"ငါ့ကိုဒီကိုဘယ်သူလိုက်ပို့တာလဲ ယူဂျင်း...... "
"အဲဒါက ...... "
စကားဆက်မလာဘဲ ပြောသင့်မပြောသင့်ကြည့်လာသည့် ယူဂျင်းကြောင့် သူခပ်တည်တည်ကြည့်ပေးလိုက်တော့မှ ....
"ရစ်ခီရှန် ....... "
ဟု ခပ်တိုးတိုးဖြေလာသည်။ ထယ်ရယ်က ...
"သူ အခုဘယ်မှာရှိလဲ ....တန်းပြန်သွားတာလား ... "
"မဟုတ်ဘူး ဟျောင်းသတိရအောင်စောင့်နေသေးတယ် ...ခနကမှထွက်သွားတာ ...သူ့အမေ အခန်းထဲမှာ ......ဟျောင်း!!! ..ဘယ်သွားမလို့လဲ..."
YOU ARE READING
HOME
Fanfiction~ ကိုယ်က မင်း မှီခိုလို့ ရနိုင်မဲ့ နေရာ ~ မင်းက ကိုယ်မှီခိုလို့ ရမဲ့နိုင် နေရာ ~ Cause I'm your home 🏠