ဘေးမှာနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသည့် အစ်ကို့မျက်နှာလေးကို ကြည့်ပြီး ရစ်ခီ့မှာ စိတ်ကလေးအေးချမ်းရသည်။ ဒီလိုလေးသာနေခွင့်ရမယ်ဆို အချိန်ပြည့်သာ အစ်ကို့မျက်နှာလေးပဲထိုင်ကြည့်ချင်သည်။ အရင်တုန်းက သူ့မြင်တာနဲ့ မျက်နှာတည်သွားတတ်သည့် ပါမောက္ခလေးက ညက သူ့အား ချစ်တယ်လို့ပြောလာခြင်းသည် ရစ်ခီ့အတွက်တော့အိပ်မက်လိုပင်။ ဖြစ်နိုင်ရင် အစ်ကိုရယ်၊ မာမီရယ်နဲ့အတူ အေးအေးချမ်းချမ်းလေးနေသွားချင်သည်။ သို့သော် သူဖြေရှင်းရမည့်ကိစ္စက ရှိသေးသည်။ ရစ်ခီတွေးနေတုန်းမှာပင် မြည်လာသည့်ဖုန်းသံကြောင့် အစ်ကိုနိုးမသွားအောင် မြန်မြန်ယူလို့ကိုင်လိုက်သည်။ တစ်ဖက်က အန်ကယ်ကျန်းငှားပေးထားသည့် ရှေ့နေပင်။
" ဟဲလို ..... "
"............... "
" ဗျာ !!! ...... သူက ဘယ်လိုလုပ်လွတ်သွားတာလဲ ..."
" ...... ...... "
" ဟုတ် ကျွန်တော်သတိထားပါ့မယ် .... "
ရစ်ခီဖုန်းချလိုက်သည်။ လိမ်လည်မှုအပါအဝင်အမှုတော်တော်များများနဲ့ ဥက္ကဌကြီးရှန်အား ရစ်ခီတရားစွဲထားပေမဲ့ ထိုလူက ထွက်ပြေးသွားသည်တဲ့လေ။ ထိုလူအပြင် ထိုလူ့ဘေးက ယွန်းဆိုရာ ပါအတူပါသွားတာမို့ ဖမ်းဝရမ်းထုတ်ထားကြောင်း ရစ်ခီတို့အား သတိထားဖို့ လှမ်းပြောတာဖြစ်သည်။ ရစ်ခီ သက်ပြင်းတို့အား ခပ်ရှည်ရှည်ချမိသည်။
" မနက်အစောကြီး သက်ပြင်းတွေချနေတာ ... ဘာကိစ္စတွေရှိနေတာလဲ ... ရစ်ခီ "
ဘေးကအစ်ကို့အသံကြောင့် ရစ်ခီ ပြုံးလိုက်ရင်း ...လက်ကိုခေါင်းအောက်ခုကာ အစ်ကိုနဲ့မျက်နှာချင်းဆိုင်ဖြစ်အောင် နေလိုက်သည်။ ထို့နောက် အစ်ကို့ နဖူးထက်က ဆံစတို့အား အသာဖယ်ပေးလိုက်ပြီး ...အစ်ကို့မျက်ဝန်းတို့အားကြည့်ကာ ....
" ဘာမှမရှိပါဘူး အစ်ကိုရဲ့ ... "
သူ့စကားကြောင့် အစ်ကိုက ဟုတ်လို့လားဆိုသည့်အကြည့်နဲ့ကြည့်လာရင်း ....
" အဲဒါဆိုလည်း ပြီးတာပါပဲ ... မင်းမပြောချင်တဲ့အရာကိုအတင်းမမေးပါဘူး ... မင်းမပြောတာက ငါထိခိုက်မှာကြောက်လို့ဆိုတာ ငါနားလည်ပါတယ် ... တစ်ခုပဲ .. မင်းလည်းထိခိုက်မလာခဲ့နဲ့ ..."
YOU ARE READING
HOME
Fanfiction~ ကိုယ်က မင်း မှီခိုလို့ ရနိုင်မဲ့ နေရာ ~ မင်းက ကိုယ်မှီခိုလို့ ရမဲ့နိုင် နေရာ ~ Cause I'm your home 🏠