လက်ထဲကကိုင်ထားသည့်ဖုန်းကိုကြည့်ရင်း ယူဂျင်းကိုဆက်ရ မဆက်ရ တွေဝေနေမိသည်။ အမြဲ ဆုံးဖြတ်ချက်ပြတ်သားခဲ့တဲ့ထယ်ရယ်က အခုကျမှ တွေဝေလာတတ်သည်။ လက်က ယူဂျင်းရဲ့ နံပါတ်ကို နှိပ်လိုက်ပြီးတဲ့နောက်မှာ ဝင်သွားတဲ့ဖုန်းလေး။ ခနအကြာမှာတော့ ...."ဟဲလို .... "
"ဟဲလို ဟျောင်း ..... ဟျောင်းအဆင်ပြေရဲ့လား ... ရစ်ခီရှန် ဟျောင်းကို တစ်ခုခုလုပ်သေးလားဟင် .... ကျွန်တော်စိတ်ပူနေတာ...."
ဖုန်းကိုင်ပြီးတာနဲ့တရစပ်မေးလာတဲ့ ယူဂျင်းကြောင့် ထယ်ရယ် ပြုံးမိလိုက်ရင်း ....
"ဟျောင်းအဆင်ပြေပါတယ်ယူဂျင်းရဲ့ ... ယူဂျင်းနီးးး မင်း လေးလေးတို့အရမ်း စိတ်ပူနေကြသလား .... "
"ဘယ်လိုမေးလိုက်ပါ့လိမ့် ဟျောင်းရယ် ....ပူတာပေါ့လို့... လေးလေးဆို ဟျောင်းတစ်ခုခုဖြစ်ရင် သတ်ပစ်မယ်ချည်းလုပ်နေတာ ..."
ယူဂျင်း အပြောကြောင့် ထယ်ရယ် ပါးကို စိတ်ပူလို့သွားသလို .....ထယ်ရယ်တို့ကိုရှာတွေ့ရင်ပဲဖြစ်ဖြစ် ရစ်ခီရှန်က ပြန်ပို့ပေးရင်ပဲ ဖြစ်ဖြစ် တစ်ယောက် ပါးလက်ထဲ တစ်ခုခုဖြစ်မှာကို တွေးပူရပြန်သည်။ ထယ်ရယ်က ပါးရဲ့စိတ်ကို အသိဆုံးသူမလို့ ရစ်ခီ့ကို ဘယ်လောက်ပဲမုန်းလိုက်ချင်တာပြောပြော ဒါမျိုးကျ ရစ်ခီတစ်ခုခုဖြစ်မှာ တွေးပူမိတာက
အရင်မို့ ထယ်ရယ်ကိုယ့်ခေါင်းကို ထုမိလို့သွားသည်။
".....ဟျောင်းသိလား ..... ""ဟင် .... ဘာပြောလိုက်တာလဲ ယူဂျင်း..."
အတွေးလွန်နေလို့ ယူဂျင်းပြောတာ မကြားလိုက်တာမို့ ထယ်ရယ်ပြန်မေးရသည်။
"ဟျောင်း ရစ်ခီရှန့်ကို စိတ်ဆိုးသွားတာ ဟိုတစ်နေ့ညက ရစ်ခီရှန့် ရဲ့ကွန်ဒိုမှာ အမ်မလီ ဆိုတဲ့မိန်းမပါတွေ့လိုက်လို့ဆို ...."
"ယူဂျင်းက ဘယ်လိုသိလဲ .... "
"တကယ်တော့ အဲနေ့ညက ရစ်ခီရှန် bar က ကောင်မလေးတစ်ယောက်နဲ့ ထွက်သွားတာ ကျွန်တော်တွေ့လိုက်တယ် ... ကျွန်တော်တို့ ဆေးရုံစားပွဲရှိလို့...အဲBar ရောက်နေတာ ..."
YOU ARE READING
HOME
Fanfiction~ ကိုယ်က မင်း မှီခိုလို့ ရနိုင်မဲ့ နေရာ ~ မင်းက ကိုယ်မှီခိုလို့ ရမဲ့နိုင် နေရာ ~ Cause I'm your home 🏠