တည်ငြိမ်အေးချမ်းပြီလို့ ထင်လိုက်ခါမှ တစ်ခုသောညနေခင်းမှာ ရစ်ခီ့ရဲ့ ပင်လယ်ပြင်ကို လှိုင်းထမ်းပိုးတစ်ခုရိုက်ခတ်လို့လာသည်။ အဲနေ့ညနေက အစ်ကိုက ညစာအတွက်ပြင်ပေးလို့နေပြီး ရစ်ခီကတော့ မာမီ အိပ်ရာထက်မလဲခင် အရင်တုန်းက ပေးခဲ့သည့် ဖိုင်တစ်ချို့ကိုပြန်ကြည့်နေတဲ့အချိန်ပင်။ ထိုအချိန် တံခါးခေါက်သံကြောင့် ရစ်ခီနဲ့ ထမင်းစားခန်းက အစ်ကိုတို့ အကြည့်ချင်းဆုံသွားရသည်။ ဘယ်သူမှလာစရာ မရှိတာကို ....ဗင်းတို့များလား ...။ ရစ်ခီ တံခါးသွားဖွင့်ပေးလိုက်တယ်ဆိုရင်ပဲ ....
" ခွပ် !!!!!"
အရှိန်နဲ့ အထိုးခံရလို့ လည်ထွက်သွားသည့် မျက်နှာနဲ့ ခန္ဓာကိုယ်....။
အသံဗလံတို့ကြောင့် ...ထယ်ရယ် ထမင်းစားခန်းထဲက ထွက်လာတော့ ကြမ်းပြင်ထက်လဲနေရာက ကုန်းထနေသည့် ရစ်ခီနဲ့ ရှေ့က လူတစ်ယောက်ကိုမြင်လိုက်တဲ့အချိန် ထယ်ရယ် မျက်ဝန်းတို့ ဝိုင်းစက်လို့သွားသည်။
"ပါးးးးး .... "
ထယ်ရယ့်ခေါ်သံကြောင့် ပါးက သူ့ဆီလာပြီး လက်နှစ်ဖက်ကိုဆွဲယူကာ.....
"သား .... အဆင်ပြေရဲ့လား ... ပါးတို့က လိုက်ရှာနေတာ .. ...သားပျောက်သွားကတည်းက....သားအမေဆို အိပ်ရာထဲ လဲတဲ့အထိပဲ သားရယ် ... အခု ပြန်ကြရအောင် ...အဖေ ရဲပါခေါ်လာတာမို့ သားကိုအတင်းခေါ်သွားတဲ့ ဒီကောင့်အတွက် မပူနဲ့ တစ်ခါတည်း အချုပ်ထဲ ထည့်ခိုင်းလိုက်မယ် .. "
ပါးက ထယ်ရယ့်လက်ကို ဆွဲကာ ပြောပြီး ခေါ်ဖို့လုပ်သည်။ ထိုအချိန် နောက်ကဝင်ချလာသော ရဲတို့က ရစ်ခီ့ ဆီဦးတည်နေတာမို့ ... ထယ်ရယ် ပါး ကိုင်ထားသည့်လက်ကို အသာ ဖြုတ်လိုက်ကာ ပါးရှေ့ဒူးထောက်ထိုင်ချလိုက်သည်။
"သား ...ထယ်ရယ် ...."
"အစ်ကို!! ..... "
ပါးဆီကရော ရစ်ခီ့ဆီကပါ ခေါ်သံထွက်လာသည်။ ထယ်ရယ်က ပါးကိုကြည့်ရင်း ....
"သား တောင်းပန်ပါတယ် ပါးးး ရစ်ခီက သားကို အတင်းခေါ်လာတာမဟုတ်ဘဲ ကျွန်တော် ကိုယ်တိုင်က ကျေကျေနပ်နပ်လိုက်လာခဲ့တာပါ ...."
YOU ARE READING
HOME
Fanfiction~ ကိုယ်က မင်း မှီခိုလို့ ရနိုင်မဲ့ နေရာ ~ မင်းက ကိုယ်မှီခိုလို့ ရမဲ့နိုင် နေရာ ~ Cause I'm your home 🏠