"ထယ်ရယ် ပြန်လာ ... ဪ ၕည့်သည်ပါလာတာလား ..."
ထယ်ရယ် ၕည့်ခန်းထဲဝင်လိုက်တာနဲ့ မာမီ့ရဲ့အသံကို အရင်ကြားလိုက်ရသည်။ သူ့ဘေးကပါလာတဲ့ ရစ်ခီရှန်ကိုမြင်ကာမေးလာတာမို့ ထယ်ရယ်ခေါင်းငြိမ့်ပြလိုက်သည်။
"ဟုတ် မား .... ဒီည သူ့ကို ၕည့်သည်ခန်းထဲ ခနအိပ်ခိုင်းအုံးမယ်နော်မား ... "
"ဟုတ်ပြီ ဟုတ်ပြီ ..... နှစ်ယောက်လုံးမိုးစိုလာတယ်ထင်တယ် အက်ျီလဲလိုက်ကြအုံး ....."
နှစ်ယောက်လုံးမိုးတွေစိုရွှဲလာတဲ့အပြင် ရစ်ခီ့မျက်နှာက ဒဏ်ရာတွေကြောင့် မား သူ့ကိုမေးစရာရှိလာမယ်မှန်း ထယ်ရယ်သိလိုက်ပါသည်။ပြီးမှ ပါးကိုပါ အတူရှင်းပြဖို့တွေးလိုက်ပြီး လောလောဆယ်တော့ ရစ်ခီရှန့်ကို ၕည့်သည်ခန်းဆီသာ ခေါ်လာခဲ့လိုက်တော့သည်။
" ရေအရင်ချိုးလိုက်အုံး ..... ပြီးရင်အဝတ်အစားနဲ့ ဆေးထည့်ဖို့ ကိုယ် လာထားပေးထားမယ် ... "
ထယ်ရယ် ပြောပြီး အခန်းထဲကထွက်လာခဲ့လိုက်သည်။ သူ့အခန်းထဲဝင် အဝတ်စိုတွေလဲပြီး အောက်ထပ်ပြန်ဆင်းလာကာ ....
"မား! ပါးရော .... "
"အခန်းထဲမှာ ......"
"မားပါလိုက်ခဲ့ပါအုံး ..... "
ထယ်ရယ်ပြောပြီး ပါးတို့အခန်းထဲဝင်လာခဲ့သည်။ မားကပါ နောက်ကလိုက်လာရင်း ....
"ပြောပါအုံး .... ကင်မ်ထယ်ရယ် သူကဘယ်သူလဲ ...."
မားရဲ့ရုတ်ချည်းစကားကြောင့် ပါးက ဘာလဲဆိုသည့်ပုံစံနဲ့ကြည့်သည်။ ထယ်ရယ်က မေးမယ်ဆိုတာ သိနေတာမို့ သက်ပြင်းချလိုက်ရင်း ... အဖြစ်အပျက်တို့အား အကျဉ်းချုံးပြောပြလိုက်သည်။သူ့စကားအဆုံးမှာ ပါးက.....
"ကျားပေါက်ကလေးအယောင်ဆောင်ထားတဲ့ ကြောင်နာကလေးပဲ ...."
ပါးစကားကြောင့် ထယ်ရယ် ခေါင်းညိမ့်ကာ သဘောတူမိသည်။ပါးလည်း သူတွေးသလိုတွေးနေခဲ့တာပဲလေ။ မားကတော့ မိန်းမသားပီပီ ..
"သနားပါတယ်ကလေးက .... သွား ... ဒီညဒီမှာအိပ်မှာဆို အခန်းထဲကစောင်တွေထုတ်ပေးချည် ပြီးရင် ထမင်းစားဖို့ခေါ်လာခဲ့ .... မိုးမိလာကြတော့ နွေးသွားအောင် မားက ဟင်းရည်လေး ပြန်နွေးပေးမယ် ...."
YOU ARE READING
HOME
Fanfiction~ ကိုယ်က မင်း မှီခိုလို့ ရနိုင်မဲ့ နေရာ ~ မင်းက ကိုယ်မှီခိုလို့ ရမဲ့နိုင် နေရာ ~ Cause I'm your home 🏠