"အား!!! သားလေး ကျွန်မရဲ့သားလေး!!!အမယ်လေး ကျွန်မရဲ့သားလေးကဘယ်လိုလုပ်ဒီလောက်ထိဖြစ်သွားရတာလဲ!!!"
မိန်းမတစ်ယောက်၏နာကျင်စွာငိုကြွေးသံက ကျယ်လောင်စွာစူးရှပျံ့နှံ့သွားလေသည်။
ရှိုက်ကြီးတငင်ငိုကြွေးနေသောထိုအမျိုးသမီး၏ရင်ခွင်ထဲရှိနေသည်က ပတ်တီးအဖွေးသားနှင့်လူတစ်ယောက်ဖြစ်ပြီး ထိုသူသည်သတိရှိမနေပါ။ ထို့အပြင်နာကျင်ဖွယ်အခြေအနေကား ကျောက်ပတ်တီးတင်းတင်းကိုင်ထားရသောသူ၏ခြေထောက်များဖြစ်သည်။"ကလေးကို ကလေးကိုအဲ့လောက်ထိတောင်လုပ်လိုက်ရသလား!! သတ်မယ် အဲ့ကောင်ကိုငါသွားသတ်မယ်အားးးးးငါ့ရဲ့သားလေး အီးဟီး"
"တောက် ဝမ်ရိပေါ်! ဒီကောင့်မှာ လူစိတ်မရှိတော့ဘူးလား! ငါကွာ အခုချက်ချင်းစာရင်းသွားရှင်းမှဖြစ်တော့မှာဟ!"
"မင်းတို့ငြိမ်နေကြစမ်းပါ အဲ့လိုနဲ့စောက်ပိုစောက်ကန်းတွေလုပ်ကြဦးမယ်"
"မင်းကတော့ပြောအားရှိတာပေါ့ ခြေထောက်တွေကိုကျိုးမတတ်အရိုက်ခံထားရတာက မင်းရဲ့သားမဟုတ်ဘူးလေ"
"သူကငါ့တူပါ ငါ့တူပါကွ!"
"အဲ့တူဆိုမင်းပါးစပ်အပြောပဲရှိတာလေ တကယ်ခံရတာငါ့သားကွ!"
"မင်းတို့စောက်ပါးစပ်တွေကဒီတစ်သက်မပိတ်နိုင်ကြတော့ဘူးလား"
ဝရုန်းသုန်းကားအခြေအနေကြီးတစ်ခုလုံးသည် အခန်းတွင်းသို့တစ်လှမ်းချင်းချည်းနင်းဝင်ရောက်လာသောသူ၏ခပ်တိုးပြတ်ပြတ်အသံအဆုံး ကျေနပ်ခြင်းမရှိသောစိတ်အနေအထားများနှင့်အတူ တပ်ပြန်ရုတ်လိုက်ရသည်။
ထိုအခိုက်အတန့်တွင်ထိုအခန်းတွင်း၌ရှိကြကုန်သော မျိုးရိုးလုပ်သားများအားလုံး၏အာရုံသည်အနှီလူ့အပေါ်သို့ရောက်လာသည်။
ဝင်လာသောသူကား ယခုမှကုမ္ပဏီညစာစားပွဲတစ်ခုထံမှာပြန်ရောက်လာပုံ။
အပေါ်အောက်အနက်နှင့်ထပ်တူ ရွှေကိုင်းမျက်မှန်တစ်ခုအားဝတ်ဆင်ထားသည်။
သေသပ်သောနက်ကတိုင် တည်ကြည်သောမျက်ဝန်းအကြည့်များနှင့် အသက်သုံးဆယ်ကျော်ယောက်ျားတစ်ယောက်၏ခန့်ညားသောအသွင်သို့ပေါက်၏။
![](https://img.wattpad.com/cover/347461123-288-k252093.jpg)
YOU ARE READING
Badly off for you
Fanfiction"ငါ့ရဲ့ကလေးလား...သေချာပေါက် ငါ့လိုခန့်ညားပြီးရှောင်းကျန့်လိုထက်မြက်နေရမှာပေါ့" ZSWW Fan-Fiction 战山为王是真的!!! Xiao Zhan x Wang Yibo {Warning- male pregnancy, sexual contents}