_12_

913 102 21
                                    

'Pain can be cured as it will be diluted with 'T' for time,then will 'Paint' the future with new wonderful memories.You only have to let it go'

လက်လွှတ်ရမယ်...
အဲ့ဒီ​လောက်လွယ်လိမ့်မယ်တဲ့လား...

ဝမ်ရိ​ပေါ်၏မျက်​တောင်ဖျားက​လေးများသည်တဖျတ်ဖျတ်လှုပ်ခတ်လို့သွားခဲ့သည်။ စာမျက်နှာ​ပေါ်မှထိုစာသားကိုလက်​ချောင်း​လေးများဖြင့်ပွတ်ဆွဲရင်းနှုတ်ခမ်းပါးက​လေးများကိုတင်းတင်း​စေ့ထားမိလိုက်​လေ​တော့၏။

"သက်​တော်​စောင့်လျှို..."

"ဟုတ်ကဲ့"

"ဒီစာအုပ်ကိုလွှတ်ပစ်လိုက် အဓိပ္ပါယ်မရှိတာ​တွေ"

ဝမ်ရိ​ပေါ်သည်စာအုပ်ကိုကမ်း​ပေးပြီးမျက်နှာကိုလွှဲလိုက်​တော့သည်။

"ဟုတ်ကဲ့"

​နောက်ပါးနားထိုင်၍အ​စောင့်လုပ်​နေရာမှစာအုပ်လာယူ​သောဟိုက်ခွမ်းက​တော့နာခံစွာ။

ဟိုးယခင်ကဆိုလျှင် ဝမ်ရိ​ပေါ်လိုအပ်မှလာရ​သောလျှိုဟိုက်ခွမ်းသည် ယခု​တော့​သူ့​ဘော့စ်၏အနားမှာအချိန်ပြည့်ရှိ​နေရသည်။ အမြဲတမ်းနှုတ်ဆိတ်​နေတတ်ပြီး ​အရင်ကထက်သွေး​အေးလာသည့်​ဘော့စ်က အနားကိုအခြားသူစိမ်းအကပ်မခံ​တော့တာမို့ ဟိုက်ခွမ်းကပဲဘာမဆိုဒိုင်ခံ။

ထို့​ကြောင့်ယခုလည်း ခါတိုင်းကဲ့သို့​ဘော့စ်စကားကိုနာခံပြီး လွှတ်ပစ်ရန်ကြံစည်၍စာအုပ်ယူပြီးအထွက် တံခါးအပွင့်၌မျက်နှာချင်းဆိုင်တွင်ဥက္ကဌ​ရှောင်းကျန့်နှင့်​တွေ့ဆိုင်သွား​လေသည်။ သူရပ်လိုက်ပြီး

"ဥက္ကဌ​ရှောင်း..."

ဟိုက်ခွမ်းအဲ့သ​လောက်ကြီးဖားဖားလျလျနှုတ်ခွန်းမဆက်သချင်။ ကိုယ့်​ဘော့စ်၏ရန်သူမို့ကိုယ့်ရန်သူဟုသူသတ်မှတ်ထားပြီးဖြစ်သည်။ ဒါ​ပေမဲ့တစ်ဖက်ကသြဇာအာဏာပိုင်းနှင့်အဆင့်အတန်းပိုင်းမှာ​တော့သူကကြီးရင့်သူမို့ ရိုင်းပြ၍လည်းမရပြန်။ ထို့​ကြောင့်အသိအမှတ်ပြုသည်ဆိုရုံ​ခေါင်းညိမ့်ပြီး ​နောက်ကိုဆုတ်လိုက်မိသည်။

​"​ဘော့စ်...ဧည့်သည်​ရောက်ပါတယ်"

ထို့​နောက်​ဘော့စ်ကိုအသိ​ပေးလိုက်မိ​လေသည်။

Badly off for youWhere stories live. Discover now