ဝမ်ရိပေါ်သည် အရည်လဲ့ကာစူးရှနေသောမျက်ဝန်းများအား ကြမ်းပြင်ပေါ်သို့လွှဲချလိုက်လေသည်။
"မင်းကိုမမြင်ချင်ဘူး"
"ကောင်းပြီ"
...
...
...သခင်ဖြစ်သူ၏အစားစားခြင်းအမှုအား ငြိမ်သက်စွာစောင့်ဆိုင်းနေကြသောသူများကြောင့် အိမ်တော်၏ထမင်းစားခန်းကြီးတစ်ခုလုံးတွင် ကြွေပန်းကန်ပြားနှင့်ဇွန်းခက်ရင်းထိခတ်သံတချွင်ချွင်သောမြည်သံတစ်ချို့ကိုသာကြားရသည်။
အလုပ်ရှင်ဖြစ်သူအစားစားရာတွင်လိုလေသေးမရှိအောင်ကြပ်မတ်ဖို့အတွက်တော့ ဘေးတွင်စာဖိုမှူးများနှင့်အာဟာရဗေဒပညာရှင်များရပ်စောင့်နေကြသည်။
ထို့ထက်ဘေးမှာမှသက်တော်စောင့်လျှိုဟိုက်ခွမ်းတစ်ယောက်ရပ်နေသည်။
"အစာကြေအောင်လမ်းလျှောက်ပေးတာကသင့်လျော်ပါတယ်"
သူတို့၏ဘော့စ် လက်ထဲမှဇွန်းနှင့်ခက်ရင်းကိုမှောက်ကာချလိုက်သည်နှင့် ဆိုလာသူက ဘော့စ်ရဲ့အခြေအနေကိုမှတ်တမ်းတင်နေသော ဆရာဝန်ခေါင်းဆောင်ကျိယန်ဆိုသူပင်။ ဘော့စ်သည်ထိုဆရာဝန်၏စကားကိုမငြင်းဆန်သော်ငြား အသိအမှတ်ပြုထောက်ခံကြောင်းလည်းမပြချေ။
လှုပ်စိလှုပ်စိဖြင့် ခြံထဲသို့ဆင်းသွားသည့်အခါ သူနှင့်တကွလိုက်ပါစောင့်ရှောက်သူအမြောက်အမြားမှာလည်းနောက်ကနေတစ်ပါတည်းလိုက်ကြရတော့သည်။
ဟိုက်ခွမ်းကတော့ ဘော့စ်နှင့်အနီးဆုံးမှလိုက်ပါလာခဲ့ရပြီး မိမိရှေ့မှ အနွေးထည်အထူကြီးတွေထဲမြုပ်နေသော ဘော့စ်အသေးလေးကိုငေးရင်းသက်ပြင်းညင်ညင်သာသာချမိလေသည်။
သူ့လုပ်ရပ်အတွက်ခွင့်လွှတ်ချင်စိတ်မရှိသေးလို့လား...
ဖြစ်မည်။
ဘော့စ်သူ့ကိုအဖတ်လုပ်စကားပြောခြင်းမရှိခဲ့သည်မှာ တစ်လကျော်မျှရှိသွားပြီ။
တကယ်တော့ သူ့မှမဟုတ် ဘယ်သူ့ကိုမှကောင်းကောင်းဆက်ဆံခြင်းမရှိတော့။ အဲ့ဒီတုန်းကပြောခဲ့သည့် မျက်နှာမမြင်ချင်ဘူးဆိုသည့်စကားက လုပ်ငန်းရှင်ရှောင်းအတွက်ချည်းဟုတ်မည်မထင်။ သက်သေက သူတို့အားလုံးအပေါ် မမြင်ရတဲ့လေလိုဆက်ဆံနေသည့်တစ်လမျှသောအချိန်တွေပင်။
YOU ARE READING
Badly off for you
Fanfiction"ငါ့ရဲ့ကလေးလား...သေချာပေါက် ငါ့လိုခန့်ညားပြီးရှောင်းကျန့်လိုထက်မြက်နေရမှာပေါ့" ZSWW Fan-Fiction 战山为王是真的!!! Xiao Zhan x Wang Yibo {Warning- male pregnancy, sexual contents}