"တောက်ခ်! ဒီကောင်ကဘာဝင်ဝင်ရှုပ်နေတာလဲကွာ...နေရင်းထိုင်ရင်းမရေမရာတွေလုပ်တော့ သတင်းတွေဖုံးကုန်ပြီ"
"သတင်းဖုံးအောင်လုပ်ပါတယ်ဆိုမှ သတင်းမဖုံးလို့ဘာဖြစ်ရမှာလဲဟ အသိသာကြီးပဲမဟုတ်လား ရှောင်းကျန့်ဆိုတဲ့ကောင်က တခြားဘယ်နေရာမှာအဖြစ်ရှိလို့ဘယ်ကကလေးပုံတင်နိုင်မှာလဲ သေချာတယ် ဒါသူနဲ့ဟိုကောင်စုတ်လေးရဲ့ကလေးပုံပဲ"
"ဟင်!"
"တကယ်ကြီးလား"
"သူပြောတာဟုတ်တယ်...ရှောင်းကျန့်က သတင်းဖုံးအောင်တမင်လုပ်လိုက်တာ ပုံကလည်းဝမ်ရိပေါ်ရဲ့ကလေးပုံဖြစ်ဖို့များတယ်"
အားလုံးဆွံ့အသွားကြရကုန်သည်။
"သူ...သူက အဲ့ဒီလိုတင်ရဲတာလား"
"ငါက ဖြေပေးနေရဦးမှာလား အဲ့ဒီမှာသက်သေမဟုတ်ဘူးလား!"
စိတ်မရှည်တော့သဖြင့် ဆူပူကြိမ်းမောင်းလာလေပြီဖြစ်သောကျိုးမင်ယိကြောင့်အပျာပျာသလဲလဲဖြစ်နေကြသောသူတို့မှာအင်တင်တင်ဖြင့်ပါးစပ်များကိုပိတ်လိုက်ကြရလေသည်။
ကျိုးမင်ယိကား လက်သီးတစ်ဆုပ်ဆုပ်ဖြင့် ခုံကိုခပ်ဖွဖွထုနေရင်းမှ ဒေါသရှိန်ပိုတက်လာ၍လား ဝုန်းခနဲတစ်ချက်ထုချပြီးကျစ်စုပ်လေ၏။ စီစဥ်ထားသည့်အတိုင်းဖြစ်မလာ၍အားမလိုအားမရဖြစ်ခြင်းနှင့် စိတ်ရှုပ်ခြင်းတို့က သူ၏မျက်နှာပေါ်တွင်ထင်ရှားစွာ။ မျက်မှောင်တို့အားတွန့်ကြုတ်ထားရင်း လေပူများအားမှုတ်ထုတ်နေသည်မှာခဏခဏ။
သူ၏ဦးခေါင်းမှာလည်းအတော်ကိုမှပူထူနေလေပြီ။
ဘာလို့လဲ... သူနားမလည်။
ယခင် ကျိုးလျန်ဖုန်းပေးခဲ့တဲ့သတင်းအရ အဲ့ဒီရှောင်းလုပ်ငန်းရှင်ကဝမ်ရိပေါ်အပေါ်မကြည်ဖြူတာသေချာသည်။ မိမိအပေါ်ဆေးခတ်သွားသည့်သူကိုမကြည်ဖြူတာကလည်းယုတ္တိရှိတဲ့ကိစ္စတစ်ခုပင်။ ဒါပေမဲ့ အခုမှရှောင်းကျန့်ကဘာထဖြစ်နေရသလဲ!
ဒါမှမဟုတ် ဝမ်ရိပေါ်နဲ့ အပေးအယူတစ်ခုခုများလုပ်ထားလေသလား...
ဒါကြောင့်များဝင်ကူပေးလေသလား...
YOU ARE READING
Badly off for you
Fanfiction"ငါ့ရဲ့ကလေးလား...သေချာပေါက် ငါ့လိုခန့်ညားပြီးရှောင်းကျန့်လိုထက်မြက်နေရမှာပေါ့" ZSWW Fan-Fiction 战山为王是真的!!! Xiao Zhan x Wang Yibo {Warning- male pregnancy, sexual contents}