တည်ကာစမထင်မရှားသတင်းတိုက်လေးတစ်တိုက်မို့ နေရာရပ်ဝန်းကျဥ်းမြောင်းသည်။ ဝန်ထမ်းအင်အားမများသေးသော်လည်း ဌာနသေးသေးကရှိသည့်လူဦးရေအတွက်ပင်လုံလောက်ခြင်းမရှိ။ ထိုအခါ ပြည့်သိပ်ကျပ်ညပ်နေသောပစ္စည်းကိရိယာများနှင့် ရှိပြီးသားလူဦးရေတို့မှာ တစ်ခုပေါ်တစ်ခုထပ်ပိုးမှီခိုလို့နေနေရသည့်အခြေအနေသို့ဖြစ်နေချေ၏။
"သေချာတယ် ငါနားနဲ့ဆက်ဆက်ကြားလိုက်တာ သတင်းဝယ်သွားတဲ့သူရော သတင်းလွှင့်ခိုင်းတဲ့သူရောက အဲ့ဘက်ကပဲ"
"ဘုရားရေ...တကယ်ကြီးလား"
"အင်း...အများကြီးမပြောဘူး သူဌေးရဲ့ဖောင်းကားနေတဲ့ပိုက်ဆံအိတ်ကိုပဲရှိုး"
ဆိုသောအခါ နားထောင်သူများ၏အကြည့်နှင့်အပြုအမူများသည် 'အာ ဟုတ်သားဟ'ဟူသောအမူအရာသို့ဖြစ်လေချေတော့သည်။
"ငါထင်တော့ထင်တယ် အဲ့ဒီဘက်ကလိုလူကိုသာမန်သူဘယ်ထိရဲမလဲလို့လေ..ငြိမ်လှချည်လားကြည့်တာ လက်စသတ်တော့သူတို့ကိုယ်တိုင်ပဲဖြစ်နေတာကိုး"
"ဘာလို့ဒီလိုတွေလုပ်နေတာလဲမသိဘူးနော်"
"သူဌေးတွေရွှေ့တဲ့အကွက်ဆိုတော့လည်း ငါတို့ဘယ်လိုက်မှီနိုင်မလဲဟယ်"
အတင်းအဖျင်းဆိုသည်မှာ ကာယကံရှင်အပါအဝင်မသိစေချင်လိုသောသူများမသိအောင် မိမိတို့အချင်းချင်း သိုသိုဝှက်ဝှက်၊ တိုးတိုးတိတ်တိတ်ပြောကြသောစကားများဖြစ်သည်။ သို့သော် လုံခြုံမှုမရှိသောပတ်ဝန်းကျင်၌ဖြစ်နေလေသောကြောင့် ဝှက်ထားလိုသည့်ဆန္ဒမှာမပြည့်ဝလိုက်။ လုံးဝမပေါက်ကြားစေရဟုဆန္ဒမရှိသော်ငြား အကျယ်ကျယ်မဖြစ်လို၍ အသံကိုလျော့ချထားခဲ့သည့်တိုင် ကျဥ်းမြောင်းသည့်ပတ်ဝန်းကျင်ဖြစ်နေသောအခါ သူတို့ဖုံးကွယ်ချင်သည့်အရာကို လုံလောက်အောင်ဖုံးကွယ်နိုင်ခြင်းမရှိတော့ချေ။
'အဲ့ဒီဘက်က'တဲ့... ညွှန်းသည်။
လတ်တလောနာမည်ကြီးနေတဲ့သတင်းစာမျက်နှာတစ်ပုဒ်ရဲ့ပဲ့ကိုင်ရှင်သတင်းတိုက်မှဝန်ထမ်းတွေကသာ'အဲ့ဒီဘက်က'လို့ရည်ညွှန်းပြီး တိုးတိုးတိတ်တိတ်ပြောနေခဲ့ပါလျှင် အနှီကာယကံရှင်ကဘယ်သူများဖြစ်နိုင်ဦးမလဲ
YOU ARE READING
Badly off for you
Fanfiction"ငါ့ရဲ့ကလေးလား...သေချာပေါက် ငါ့လိုခန့်ညားပြီးရှောင်းကျန့်လိုထက်မြက်နေရမှာပေါ့" ZSWW Fan-Fiction 战山为王是真的!!! Xiao Zhan x Wang Yibo {Warning- male pregnancy, sexual contents}