_6_

1.4K 162 45
                                    

"အာ...ဆိုးတယ် ဆိုးတယ်"

"... ..."

"မင်းကငါ့ကိုဆွ​နေတာပဲ ဝမ်ရိ​ပေါ်ရ"

ထို့​နောက်​ရှောင်းကျန့်သည်စကားတစ်ခွန်းထပ်​ပြောလာခဲ့သည်။ သူတစ်သက်မ​မေ့မည့်စကားမျိုး သူ့အရှိုက်ကိုမှတည့်တည့်ထိသည့်စကားမျိုး။

"မင်းကမှ​လွယ်လွန်းနေတာ"

ဝမ်ရိ​ပေါ်သည် ​အနှီသူဆက်​ပြောလာသည့် အခြားစကားများကိုကြားနိုင်စွမ်းမရှိ​တော့ဘဲ နေရာမှာတင်​တောင့်တင်း​နေခဲ့​သည်။

===============

"​ဘော့စ်...ဘာများလို"

"ဘာမှမလိုဘူး ထွက်သွား​တော့"

ထိုသို့ဆိုသည်။ ထို့​နောက် အမူအရာမဲ့​သောအသွင်သဏ္ဍာန်ဖြင့်အခန်းတံခါးအားပိတ်ချသွားခဲ့သည်။ ထိုမှစ၍​ဘော့စ်အားသူမြင်ခွင့်မရတာ တစ်ညကုန်လွန်၍ တစ်မနက်တိတိရှိ​တော့မည်။

စိတ်အ​ခြေအ​နေမ​ကောင်းမှန်းသတိထားမိ၍ တမင်​ရှောင်​ပေး​နေမိ​သော်လည်း တစ်မနက်ကြာပြီဖြစ်သည့်အခါ သူလည်းစိုးရိမ်စပြုလာပြီ။ နဂိုတည်းက ​ဆေးသွင်းရကာမှပြန်နိုးလာသူမို့ သူစိတ်မပူဘဲမ​နေနိုင်ခဲ့ပါ​။ ဒါ​ပေသည့်​ဘော့စ်ကဝင်ခွင့်မ​ပေးသည့်အခါ သူလည်းဇွတ်တရွတ်ဝင်တိုးဖို့မရဲ။ ထို့​ကြောင့် ​ဘော့စ်၏အခန်းတံခါးအားတကြည့်ကြည့်ဖြင့်သာရပ်​နေနိုင်ခဲ့သည်။

သို့​သော် ​​နံနက်၉နာရီတွင် ရှောင်းအုပ်စုဘက်ကပို့လွှတ်လိုက်​သော ​ဆေးအဖွဲ့​​ရောက်ရှိလာတာမို့ ထိုအရာကိုအ​ကြောင်းပြချက်တစ်ခုအဖြစ်အသုံးချပြီး ​ဘော့စ်၏တံခါးဝ​ရှေ့သို့သူရပ်မိသည်။

'​ဒေါက် ​ဒေါက်'

"​ဘော့စ်...​ဒေါက်တာတို့​ရောက်လာပါပြီ ကျွန်​တော်ဝင်ခွင့်​ပေးလိုက်ရ.."

"ခြံထဲ​ခြေတစ်လှမ်း​ချတာ​တောင်မလိုချင်ဘူး...ထွက်သွားဖို့​ပြောလိုက်"

တစ်​လျှောက်လုံးအသံတိတ်​နေခဲ့​သော ​ဘောစ့်သည်ယခုမှ​သွေး​အေးစွာဆိုထွက်လာခဲ့သည်။ ဟိုက်ခွမ်းဘာ​ပြောရမည်မသိ။ တစ်ဖက်ကလည်းသူ့​ဘော့စ်ရဲ့ကျန်းမာ​ရေးအတွက်​ရောက်လာကြသူများဖြစ်သည်။ တစ်ဖက်ကမူ သူ၏​​ဘော့စ်ဖြစ်သည်။

Badly off for youWhere stories live. Discover now