_13_

901 113 22
                                    

ကျွီ...

"ဥက္ကဌနဲ့ဥက္ကဌကြီးတို့ကလာတဲ့လမ်း​ပေါ်​ရောက်​နေပြီ သူ​ဌေး​လေးအဆင်သင့်ဖြစ်တော့မလား"

"ကိစ္စမရှိဘူး...​​​အစ်ကို​လေးရဲ့အသားအရည်​လေးက​ကျောက်စိမ်းလိုကြည်​နေ​တော့ ဘာမှထပ်ဖြည့်စရာမလိုဘူးရယ် နှုတ်ခမ်းဆီပါးပါးထည့်ပြီးမျက်အိတ်က​လေး​တွေနည်းနည်းဖို့ရုံဆိုရပါပြီ"

Stylistရဲ့ချီးမွမ်းသံအ​ပေါ် အတွင်း​ရေးမှူးယွီပင်းက​ကောင်းပြီဆို​သောသ​ဘောနှင့်​ခေါင်းညိမ့်တုန့်ပြန်ပြီးတံခါးအားပြန်ပိတ်ကာထွက်ခွာသွားခဲ့သည်။
ထိုအခါနဂိုကငြိမ်သက်ကာဝိုင်းကြည့်​နေ​သောအခန်းတွင်း၌ ဝတ်စုံရှာသူကရှာ အဝတ်အစားကိုအ​မွှေးနံ့သာ​ပေးသူက​ပေး ​ပြင်ဆင်သူကပြင်စသည့်စသည့်သက်ဝင်လှုပ်ရှားမှုတစ်ချို့နှင့် အ​ခြေအ​နေမှာပြန်လည်စည်ကားသွား​​သည်။

​နောက် ရယ်​သံမောသံ​ အားကျမှုတွေ အပြုံး​တွေနဲ့။
ကာယကံရှင်သာမျက်နှာထားတင်းမာလို့ရယ်။
အ​ခြေအ​နေ​ပေါ်ဝမ်းသာမ​နေတာကသူပဲရှိတာထင်ရှား​နေပြီ။
ဒါ​ပေမဲ့ ဘယ်လိုလုပ်ဝမ်းသာရမတဲ့လဲ

ပန်းနု​ရောင်ပိုးသား Bathrobeကိုဝတ်ဆင်လျက် ပြင်ဆင်လိမ်းခြယ်​ပေး​နေသည်ကိုငြိမ်ခံ​နေခဲ့သည့်ဝမ်ရိ​ပေါ်သည်မျက်လွှာကိုချရင်း​ခေါင်းက​လေးကိုအနည်းငယ်ငုံ့မိလိုက်သည်။ ​ပျော့​ပျောင်း​သောပိုးထည်​ကြောင့်အရှိအတိုင်းထင်​နေသည့်ဝမ်းဗိုက်​အောက်​ခြေမှအဖုအ​ဖောင်းက​လေးကိုမြင်လိုက်ရ​သည်နှင့် စိတ်ရှုပ်သွားရ​သော​ကြောင့်စိတ်ပျက်အား​လျော့စွာမျက်ခွံများအားဒီအတိုင်းဖိမှိတ်ထားမိ​ချေသည်။

​ဘာမှမလုပ်နိုင်ဘူး ​
နောက်ဆုံးအချိန်ထိ သူလုပ်နိုင်တာဘာမှမရှိဘူး

"သိပ်လှတာပဲ သိပ်ကြည့်လို့​ကောင်းတာအရမ်း...​သေချာတယ် ​ရှောင်းလူကြီးမင်းတော့တစ်စက်လေးမှတောင်အကြည့်​လွှဲနိုင်မှာမဟုတ်​ဘူးသိလား"

အားလုံးဝတ်စားပြီး​နောက် ဝမ်ရိ​ပေါ်မှာချီးမွမ်းစကား​တွေထဲနစ်မြုပ်ရင်း ခန်းလုံးပြည့်ထည့်ထားသည့်မှန်ကြီး​တွေထဲမှပြီးပြည့်စုံလျက်ရှိ​သောကိုယ့်ပုံရိပ်ကိုပြန်ကြည့်ပြီး ​ကျေနပ်ရိပ်များရှိရမည့်အစား သူ့မျက်ဝန်း​တွေထဲမှိုင်းညို့ရိပ်များအစားထိုးဝင်လာသည်။ အတွင်း​ရေးကိုဘာမှမသိတဲ့အပြင်လူတစ်​ယောက်​ပါ​လေဆိုပြီး လျစ်လျူရှုဖို့ကြိုးစားခဲ့​ပေမဲ့ ဘယ်တုန်းကမှမလိုချင်ဖူးတဲ့အပိုချီးမွမ်းစကား​တွေကိုသည်းမခံနိုင်​တော့တဲ့အခါ ​အေးစက်စွာပင်ထွက်သွားဖို့​တောင်းဆိုမိ​ချေ​တော့၏။

Badly off for youWhere stories live. Discover now