_3_

2.1K 221 46
                                    

"ဝမ်ရိ​ပေါ် မင်း​တော်​တော်​ခေါင်းမာပါလား..."

သူသည်ဘာမှမ​ပြောနိုင်။ နှုတ်ဆိတ်​ခေါင်းငုံ့ပြီး သွားများကိုသာတင်းတင်းဖိထားခဲ့ရ၏။

"သူ့ကို​တောင်းပန်လိုက်..."

မ​တောင်းပန်ဖြစ်။

"သူ့ကို​တောင်းပန်လိုက်လို့​ပြော​နေတယ်မဟုတ်လား"

ဖိုးဖိုး၏စကားအားသူနားမ​ထောင်နိုင်။ မဟုတ်...။ နားမ​ထောင်နိုင်တာထက် သူမလုပ်ခဲ့တဲ့အမှားတစ်ခုအတွက် တောင်းပန်​နေမည်မဟုတ်။ ဘယ်​တော့မှ​တောင်းပန်နိုင်မည်မဟုတ်ပါ။

သို့​သော် မိမိကိုယ်ကိုယ်ချစ်စိတ်နဲ့ထားမိတဲ့မာနအတွက် ဖိုးဖိုးသိပ်ကိုများစိတ်ပျက်သွားသလား။

ဖိုးဖိုးသည် ​နောက်မှီသို့ပစ်မှီချလိုက်ပြီး​နောက် သက်ပြင်းမျှင်းမျှင်းချလာခဲ့သည်။

ထို့​နောက် မျက်ဝန်းများကို​မှေးချသွားခဲ့၏။

"ဒီအတိုင်းသာဆို မင်းအမြဲတမ်းနိမ့်ကျ​နေ​တော့မှာ ဝမ်ရိ​ပေါ်"

ဝိုင်းစက်​နေ​သောမျက်ဝန်းများဖြင့်သူလှန်ကြည့်မိလိုက်​တော့သည်။

မျက်ခွံများအားဖွင့်ဖွင့်ချင်း မြင်ရသည့်​နေရာသည် မြင်ဖူး​နေကြမဟုတ်သည့်မျက်နှာကြက်တစ်ခုအားဖြစ်သည်။

တစ်​လျှောက်လုံးဆူညံ​နေခဲ့​သော​ခေါင်းထဲမှသံစဥ်များသည် အမြင်ဖွင့်လိုက်သည့်အချိန်မှစ၍ အ​ခြေကျဥ်းပြီးတိတ်ဆိတ်​လို့သွားခဲ့၏။

ဘယ်​ရောက်​နေသလဲ...ရှည်ရှည်​ဝေး​ဝေး​တွေးမ​နေ​တော့။

ခါးသီး​သောအရာအချို့​ကြောင့် ထိုအစိမ်းသက်သက်မျက်နှာကြက်ကိုသာ အံကြိတ်လျက်ကြာရှည်စွာ​ငေး​နေမိသည်မှာရှည်ကြာစွာ။ မျက်ရိုးချိုင့်မှတစ်ဆင့် နားထင်​ကြောတစ်​လျှောက် မျက်ရည်ပူ​မြောက်များစွာမှာအ​တောမသတ်နိုင်​အောင်စီးကျ​နေသည်။ သို့​သော် ​စောင်စအလုံးအ​ထွေးများအားတင်းတင်းဖိဆုပ်ထားရ​သော​ကြောင့် လက်များမှာမအား၊ မအား​တော့ ဒီမျက်ရည်​များအားတားမည့်သူရှိ​​​​မနေ​တော့ချေ။

Badly off for youWhere stories live. Discover now