သူဌေးလေးဝမ်ရိပေါ်ထွက်သွားပါပြီဟူသောအသိပေးချက်အားရရှိလိုက်သော်ငြား ရှောင်းကျန့်သည်ကယ်လီဖိုးနီးယားမှအိမ်တော်ဆီသို့မရောက်ရောက်အောင်သွားသည်။
ရောက်သော်လည်း ဝမ်ရိပေါ်ထွက်သွားပြီဆိုတာကိုသိသိလျက်နဲ့ ဝမ်ရိပေါ်အားထားရှိခဲ့သောအခန်းဆီသို့ဝင်သွားလေ၏။ သေသပ်အောင်ပြန်လည်ပြင်ဆင်ပြုပြင်ထားသဖြင့် ထိုအခန်းသည်တစ်ယောက်ယောက်နေသွားသည်ဟုပင်ထင်စရာမရှိ။
ပြန့်ပြူးနေသောကုတင်ကိုအတန်ကြာစိုက်ကြည့်ရင်းဥက္ကဌရှောင်းကျန့်သည် အပေါ်ထပ်ကုတ်ကိုချွတ်လိုက်သည်။ ထို့နောက်ဘေးမှမတ်တပ်ရပ်နေသော အတွင်းရေးမှုးဆီသို့ပေးလိုက်ပြီးနက်ကတိုင်ကိုပါဆွဲဖြုတ်သည်။
"ဥက္ကဌဘာများဆက်လုပ်မလဲခင်ဗျာ"
ယွီပင်းအထင်ဥက္ကဌသည်အနည်းနဲ့အများတော့စိတ်မသင့်ပုံပေါ်သည်။
အနှီသူဌေးပေါက်စက ဥက္ကဌရဲ့တန်ဖိုးကြီးလှတဲ့အချိန်တွေကိုဖြုန်းတီးရုံမက မထီမဲ့မြင်ပြုတာလည်းများပြီ။အချိန်ကိုတန်ဖိုးထားလွန်းတဲ့ဥက္ကဌအတွက်ဒီလိုကိစ္စမျိုးကခွင့်လွှတ်နိုင်ဖွယ်မရှိ။
တစ်ခုခုလုပ်ဖို့အမိန့်ပေးလောက်တယ်လို့တွေးနေတုန်း ဥက္ကဌသည်ခေါင်းကိုနှစ်ချက်မျှခါလာသည်။
"အပြင်မှာစောင့်နေ"
"ဟုတ်ကဲ့"
"နောက်ပြီးအချက်အလက်တွေ...မြန်မြန်ရလေကောင်းလေ"
"စိတ်ချထားပါဥက္ကဌ"
ထိုမျှသာပြောပြီးအခန်းတွင်း၌ရှိသောဆက်တီပေါ်သို့ဝင်ထိုင်လေ၏။ ပြီးနောက်တစ်ခုခုကိုအတွေးများနေသလို ညာလက်ကိုလက်ရန်းပေါ်ထောက်ရင်း လက်ညိုးမှရွှေမောင်းကွင်းအားလက်မဖြင့်ခပ်စစပွတ်ကာ ငေးငိုင်လို့သာကြည့်နေတော့သည်။
ထိုအခါယွီပင်းလည်းဘာမှမပြောတော့ဘဲ အခန်းတံခါးကိုဆွဲပိတ်ပြီးအပြင်သို့ထွက်လာခဲ့လိုက်လေ၏။
YOU ARE READING
Badly off for you
Fanfiction"ငါ့ရဲ့ကလေးလား...သေချာပေါက် ငါ့လိုခန့်ညားပြီးရှောင်းကျန့်လိုထက်မြက်နေရမှာပေါ့" ZSWW Fan-Fiction 战山为王是真的!!! Xiao Zhan x Wang Yibo {Warning- male pregnancy, sexual contents}