_14_

741 107 19
                                    

"...​မြစ်က​လေးကိုပင်ပင်ပန်းပန်း​စောင့်​ရှောက်​ပေး​နေတဲ့ကျုပ်ရဲ့​မြေးသမက်​လေးကိုပဲ​ကျေးဇူးတင်လိုက်​တော့မယ်"

"ဝမ်ရိ​ပေါ်"

လွင့်ပျံ့​နေ​သောအာရုံသည် လှည့်လို့လာပြီးမထီသလိုပြုံးသည့်နှုတ်ခမ်းများနှင့်ရွတ်တွတ်တွတ်နိုင်​သောမျက်ဝန်းများ​ကြောင့်လက်ရှိသို့ပြန်​​ရောက်နိုင်လိုက်သည်။

"ဘိုးဘိုး​ခေါ်​နေတယ်​လေ"

တိုးတိုး​လေး​ပြောသည့်​လေသံက သူ့ကိုကူညီသတိပေး​ပါသည်ဆိုသည့်သ​ဘော။ တကယ်တမ်းခံစားရတာက​တော့ကျီဆယ်ရိပ်များနှင့်ပြည့်​နှက်​နေရုံဆိုပြီးသာဖြစ်ပြန်သည်။ ​သူသည် သူ၏နားနားက​လေးသို့တိုးကပ်ပြီးဆိုခဲ့ခြင်းဖြစ်သည်။ ထို့​​ကြောင့်နားသန်ဖျား​ကလေးသို့ဖြတ်တိုက်သွား​​​သောသူ့အာ​ငွေ့က ဝမ်ရိ​ပေါ်၏​ကျောရိုးတလျှောက်သို့လူးလွန့်ကာဆင်းသွားခဲ့​လေ၏။

​မော့ကြည့်လိုက်သည့်တဒင်္ဂ အနီးကပ်မြင်လိုက်ရသည်က ထင်လင်း​​ချော​မွေ့​နေသည့်​​ ​လေး​ထောင့်ကျကျမေးရိုး။

"သွား..."

​သူ့ကို​ရှေ့သို့​​ရောက်​အောင်ခါးမှခပ်ဖွဖွတွန်းလို့ပို့ခဲ့ရာမှ သတိပြုမိသွားသည်ကတစ်ဖက်သူ၏အထိအ​တွေ့အားဖြစ်သည်။

သူသည် ရှေ့သို့သာ​ရောက်သွားခဲ့​သည်။ ​ရှောင်းကျန့်ထံမှအပါး အခြားအကြည့်မလွှဲနိုင်ခဲ့။

ချိုမြိန်​သောအကြည့် ပီတိဖြာ​နေ​သောအမူအရာ ကြည်နူးနစ်ဝင်နေ​သောပါးချိုင့်များနှင့် ​ပျော်ရွှင်မှုကို​ကိုယ်စားပြု​နေသူဒီလူက လက်ခုပ်ဖွဖွတီးရင်း​ရှေ့ထွက်သွားတဲ့သူ့ကိုအား​ပေးလို့။ အင်မတန်မှ​နွေး​ထွေးလွန်းသည့်ပုံရိပ်သကဲ့သို့မျိုး။ ​ပျော်ဝင်နှစ်သက်​နေသလိုမျိုး။ လက်တွဲ​ဖော်​ကောင်းတစ်​​ယောက်လိုမျိုး။ ဒီလူက နောက်ကွယ်မှာသူ့ကိုဖိနှိပ်ပြီးခြိမ်း​ခြောက်စကားဆို​နေပါသည်လို့သာ သူစွပ်စွဲရင်ဘယ်သူကများလက်ခံဦးပါ့။

မူရာမာယာများလွန်းပါသည်။

အ​မျှော်အမြင်ကြီးသည့်သူတစ်ဦးအဖြစ်လည်းဆက်ဆံတတ်​သေးသည်။
အညှာလွယ်သူတစ်ဦးရဲ့ပုံရိပ်လည်းပြသခဲ့ဖူးသည်။

You've reached the end of published parts.

⏰ Last updated: Jan 18 ⏰

Add this story to your Library to get notified about new parts!

Badly off for youWhere stories live. Discover now