'Oh I cannot explain...Everytime it's the same..Oh I feel..That's the real... Take my heart...'
'I've been lonely too long...Oh I can't be so strong...Take a chance For romance... Take my heart...'
တဒုန်းဒုန်းတဝုန်းဝုန်းမဟုတ်။ ခပ်ဖြေးဖြေး ခပ်တိုးတိုးလွင့်ပျံလာသောသီချင်းက ခပ်မြူးမြူးဖြစ်သော်လည်း ဂန္တဝင်သီချင်းဖြစ်နေသောကြောင့် အငွေ့အသက်ကလုပ်ငန်းခွင်(သို့)စကားဝိုင်းနှင့်လားလားချည်းမျှမကိုက်ညီသော်ငြား စိတ်ကိုလန်းဆန်းနေစေသည်။
ကော်ဖီခွက်ကိုနှုတ်ခမ်နားတေ့ရင်းပြုံးနေသောလုပ်ငန်းရှင်က မိမိရှေ့မှလူကြီးမင်း၏နှုတ်ရေးစကားများကို နှစ်ခြိုက်နေသည့်ဟန်။ တစ်ကမ္ဘာလုံးကိုလေပြင်းမုန်တိုင်းတိုက်ခတ်သွားသလို အုတ်အော်သောင်းနင်းဖြစ်အောင်လုပ်ထားသည့်သူမှာသူမဟုတ်လေသည့်အတိုင်း။
အလွန်ကိုမှစိတ်အေးတည်ငြိမ်စွာ စကားစမြည်ပြောလို့နေသည်။
"ဒါ့ကြောင့်ကိုယ်လည်းမေးလိုက်တယ်လေ သိက္ခါဆိုတာဘာလဲလို့ပေါ့...ဒါပေမဲ့သူမဖြေနိုင်ခဲ့ပါဘူး အနက်အဓိပ္ပါယ်ကိုတောင်အကြမ်းဖျင်းမသိဘဲ ဝမရှိဘဲဝိ သိပ်လုပ်ချင်ကြတာ"
နာမည်ကျော်စီးပွားရေးပညာရှင်တစ်ဦး တစ်နည်း တရုတ်နိုင်ငံ ကွမ်ကျိုး၊ ဟယ်နမ်၊ ဝူဟန်တို့ကဲ့သို့သော အထင်ကရမြို့ကြီးများ၏ပို့ကုန်သွင်းကုန်ဆိုင်ရာလမ်းကြောင်းကိုလက်ရှိဖမ်းဆုပ်ထားနိုင်တဲ့သူတစ်ဦးဖြစ်သူ၏စကားကို တစ်ဖက်ကလုပ်ငန်းရှင်ရှောင်းကျန့်ကသဘောကျစွာခေါင်းညိမ့်ပြလေသည်။
"ဒါနဲ့သူဌေးရောဘယ်လိုထင်သလဲ...အမြင်ကိုကိုယ်နားထောင်ချင်မိတယ်"
ထိုသူကဆိုသည်။ ထိုအထိရှောင်းလုပ်ငန်းရှင်သည်ခပ်ပြုံးပြုံးသာ။
"ဒီလိုကွာ...ကိုယ်တို့တွေမှာကငွေကြေးဆိုတာကလည်းပြည့်စုံနေပြီသား နေရာတစ်ခုဆိုတာလည်းတည်မြဲနေပြီ...ဆိုတော့ ကိုယ်သိချင်တာသိက္ခါဆိုတာဘာလဲပေါ့"
"ဥက္ကဌမာဘက်ကရော"
"အဟား..သူဌေးရှောင်းကပြန်မေးနေတာလား"
YOU ARE READING
Badly off for you
Fanfiction"ငါ့ရဲ့ကလေးလား...သေချာပေါက် ငါ့လိုခန့်ညားပြီးရှောင်းကျန့်လိုထက်မြက်နေရမှာပေါ့" ZSWW Fan-Fiction 战山为王是真的!!! Xiao Zhan x Wang Yibo {Warning- male pregnancy, sexual contents}