ကိစ္စကြီးငယ်တို့ဖြစ်ပျက်ပြီးနှစ်ရက်မျှကြာသောအချိန်တွင်ဖြစ်သည်။
တစ်ချက်ချက်မြည်နေသောနာရီသံ
ထည်ဝါသော်လည်း ရောင်ပြေးမရှိသည့်အခန်း
အဖြူရောင်ပုလင်းများချိတ်ထားသည့်စတန်းနှင့်
ပလာစတာများ နေရာလပ်မရှိအောင်ထိုးဖောက်နေသောDripအပ်များဖြင့်ပြည့်နှက်နေသောလက်ဖမိုးငယ်ငယ်။ကုတင်ကျယ်ကြီးပေါ်၌အသက်ကိုမျှင်းမျှင်းချင်းရှုလျက် မှိုင်းညို့အားပျက်စွာထိုင်နေသောလူငယ်လေးတစ်ဦးရှိနေသည်။ မတုန်မလှုပ်ကိုယ်ကလေး၏ တုန့်ပြန်ချက်များကနှေးကွေးလှနေသည်။
ထိုအခါအခန်း၏သက်ဝင်လှုပ်ရှားမှုဆိုသည်မှာ ပကတိမဲ့ ။
ချောက်...
တံခါးဖွင့်သံခပ်ပါးပါးက တိတ်ဆိတ်နေသောအခန်း၏လေထုထဲပျံ့နှံ့သွားသည်မှာချက်ခနဲတစ်ချက်။ ထို့နောက်မှ လိုက်ပါလာသည်ကားရှူးဖိနပ်သံတရှပ်ရှပ်။
တဒေါက်ဒေါက်မမြည်အောင်ထိန်းလျှောက်ရင်း အားမရှိသောကိုယ်ငယ်ကလေး၏ဘယ်ဘက်ဘေးနားလာရပ်သည့်ဖိနပ်ပိုင်ရှင်က လက်ထဲ၌စားစရာတစ်ချို့တင်ထားသောငွေလင်ဗန်းတစ်ခုအားကိုင်ဆောင်လို့ထားသည်။ ထိုသူ၏မျက်နှာပေါ်တွင်သောကရိပ်တစ်ချို့ စွဲညိထင်နေခြင်းရှိလေသည်။
"ဘော့စ်... ..."
သိသိကြီးနှင့်ခေါ်မိပြန်လည်း လျစ်လျူရှုခံရစမြဲသာဖြစ်လေသည်။ အရင်တစ်ခါလိုထပ်ဖြစ်ပြန်ပြီဆိုသောစိတ်နဲ့အတူ လင်ဗန်းလက်ကိုင်များအားဆုပ်ထားသောလက်များမှာအကြောများထင်းသည်အထိတင်းကြပ်သွားရပြီး စိတ်ထဲ၌လည်းမချိတင်ကဲဖြစ်လို့သွားတော့၏။
ဒါပေမဲ့ ရှေ့ဆက်စရာအခြားနည်းမရှိသည်မို့ ဒီအတိုင်းကြိုးစားပြီး
"ဘော့စ်... အစာကလေးနည်းနည်းမှမဝင်ရင်-"
"ဘာတွေဖြစ်ကုန်ပြီလဲ..."
ဟိုက်ခွမ်း၏စိုးရိမ်မကင်းသောအမေးမှာ ဖြူလျော့နေသောဘော့စ်လက်ချက်ကြောင့် ဖြတ်တောက်ခံလိုက်ရပြန်သည်။
YOU ARE READING
Badly off for you
Fanfiction"ငါ့ရဲ့ကလေးလား...သေချာပေါက် ငါ့လိုခန့်ညားပြီးရှောင်းကျန့်လိုထက်မြက်နေရမှာပေါ့" ZSWW Fan-Fiction 战山为王是真的!!! Xiao Zhan x Wang Yibo {Warning- male pregnancy, sexual contents}