အပိုင်း(16)
''ပါယ် သက်သာရဲ့လား မောင်းတောင်းပန်ပါတယ် ပါယ်ကိုစိတ်ပင်ပန်းစေမိလို့..."
ပါယ်လက်အားကိုင်ကာ ပြောနေသော
မောင့်အားပြုံးကာကြည့်၍ ..''ပါယ်ဘာမှမဖြစ်ပါဘူးမောင် မစိုးရိမ်ပါနဲ့..."
''မစိုးရိမ်လို့ရမလားကွာ မောင့်မိန်းမတစ်ခုခုဖြစ်ရင်မောင်ပဲရင်ကျိုးရမှာ..."
''ဒါဆိူ ပါယ်ကိုစိတ်ချမ်းသာအောင်ထားလေ..."
''ထားပါတယ်ကွာ မောင့်မိန်းမစိတ်ချမ်းသာဖို့အရေးကြီးတယ်..."
''ဒါဆို ဓိဓိနဲ့အချစ်လေးကိစ္စကို မောင်သဘောတူပေးလိုက်ပါတော့..."
''ဟင်..."
''ဟုတ်တယ်မောင် မောင်နဲ့ဓိဓိက
အခုလိုတွေဖြစ်လေ ကြားကပါယ်အရမ်း
စိတ်ညစ်ရတယ်သိလား အခုဆိုအချစ်လေး
ပါယ်လိုပဲစိတ်မညစ်စေချင်ဘူးမောင်..."ပါယ်ပြောရင်းငြိမ်ကြနေသော ခင်ပွန်းဖြစ်သူကြောင့် ပါယ်အားတက်သွားကာ..
''မောင်နဲ့ဓိဓိကို ရမ်မဖြစ်စေချင်ဘူးသိလား
အခုကိစ္စက ပြင်လို့မှမရတော့တာမောင်ရယ်
ပါယ်တို့က အဆင်ပြေအောင် လုပ်ပေးရတော့မှာလေ မဟုတ်ရင် အားလုံးစိတ်မချမ်းသာစရာတွေဖြစ်ကုန်မှာပေါ့မောင်ရယ်..."''စိတ်ချပါပါယ်ရယ် မောင် ပြဿနာမရှာတော့ဘူးနော် ပါယ်သာဘာမှမဖြစ်အောင်နေပေး.. "
ပြောလဲပြော ပါယ်နဖူးလေးအားနမ်းလာသောသူ့ကြောင့်ပါယ် ရှက်ပြုံးလေးပြုံးလိုက်ကာ...
''ကျေးဇူးပါ မောင်ရယ်..ဒါနဲ့ပါယ်တို့
အခုဘယ်ဆေးရုံရောက်နေတာလဲ..."''ဆေးရုံမဟုတ်ဘူးပါယ် ဒါ ဟိုလ်တယ်
ဒေါက်တာခေါ်ပြီး ပြလိုက်တာ..."''ဟင် ဟိုကိုပြန်မသွားဘူးလား..''
''မသွားတော့ဘူး ပစ္စည်းတွေဘုတ်စုံနဲ့
မိတ်ဆွေအသိအမတစ်ယောက်သိမ်းပြီး
အခုလမ်းမှာလာနေပြီ ပြီးရင်ရန်ကုန်ပြန်ကြတာပေါ့..."''ဒါဆိူ အချစ်လေးကရော..."
''အဓိက ရှိနေပြီပဲ..."

BẠN ĐANG ĐỌC
အနမ်းပင်လယ်(ပထမပိုင်း)(completed )
Lãng mạnအဓိက=အချစ်ကမ္ဘာ(ကိုကိုအသက်ကမင်းဖြစ်နေတဲ့အချိန်ကြမှဘာလို့ထွက်ပြေးချင်နေရတာလဲကလေးလေးရယ်)