အပိုင်း(14)
လှိုင်းသံများနှင့်အတူ လေညှင်းရဲ့
တိုက်ခိုက်မှုကြောင့် ကမ်းစပ်တွင်
ယှဥ်ကာလျှောက်လာသော လူနှစ်ယောက်ရဲ့
အဝတ်များမှာတစ်လွင့်လွင့်ဖြင့်။''ကိုဓိ အဆင်ပြေရဲ့လားဟင်..."
''အင်း ဘာကိုလဲ..."
''စောစောကလေ အချစ်ကမ္ဘာ ကြောင့်
ကိုဓိစိတ်ညစ်သွားမလားလို့..."''အဟွန်း ဘာမှမဖြစ်ပါဘူး .."
အနှစ်ခေါင်းလေးငြိမ့်ပြ၍..
''အနှစ်ကိုဓိကိုယ်ပြောစရာရှိတယ်...''
''အင်း ပြောလေ..."
အနှစ် ဘေးတစ်စောင်းမြင်နေရသည့်
ကိုဓိရဲ့ နှာတံစင်းစင်းနှင့်ချောနေသော
မျက်နှာအား မသိမသာငေးကြည့်၍
လေတိုက်သောကြောင့် လွင့်နေသော
ဆံနွယ်အချို့အား နားအနောက်လေးဆီ
ညှပ်ကာ.....''ကိုဓိနဲ့ အနှစ်ကို လူကြီးတွေသဘောတူထားတာ ကိုဓိသိတယ်မဟုတ်လားဟင်..."
''အင်း.. ဘာဖြစ်လိူ့လဲ..."
''အဲ့ဒါ ကိုဓိဘယ်လိုသဘောရလဲအနှစ်သိချင်တယ်...ဒါမှမဟုတ် ကိုဓိ အချစ်ကမ္ဘာကို.."
''ဘေးကို ဘေးကို..."
ထိုအချိန် ညဘက်ကြီးကလေးတစ်စု
စက်ဘီးစီးကာအနှစ်တည့်တည့်
နင်းလာချ်ိန် အလန့်တကြားလေးကြောင်ကြည့်နေမိသောအနှစ်။''အို..."
''အနှစ် အဆင်ပြေရဲ့လား..."
အနှစ်အားတိုက်မိမှာဆိုးသောကြောင့်
ဆွဲလိုက်သောအရှိန်နှင့်အတူ အနှစ်ခြေဖျားလေးများမှ လည်ကာထောက်သွား၍
နှုတ်ခမ်းနွေးနွေးလေးများမှာ ကိုဓိရဲ့လည်တိုင်ဆီရောက်သွားချိန် အနှစ်မျက်နှာလေးရဲတက်သွား၍ ဘာမှမပြောတော့ဘဲ ထိုနေရာမှပြေးထွက်လာခဲ့တော့သည်။ရင်ထဲတွင်တော့ ကတုန်ကရီပင်။
အပြန်တစ်လမ်းလုံးပြုံးလာသော
အနှစ်ကြောင့် နီလာတ်ို့သူငယ်ချင်းတစ်စု
တစ်ယောက်က်ိုယ်တစ်ယောက်ကြည့်၍
မျက်စာတွေပစ်နေကြမိသည်။''အနှစ် ငါတို့ရန်ကုန်ရောက်ပြီနော်
ပြုံးလို့မပြီးတော့ဘူးလား
တစ်လမ်းလုံးပြုံးလာတာ ဧကန်န
အကြောင်းတစ်ခုခုတော့ရှိရမယ်..''
ESTÁS LEYENDO
အနမ်းပင်လယ်(ပထမပိုင်း)(completed )
Romanceအဓိက=အချစ်ကမ္ဘာ(ကိုကိုအသက်ကမင်းဖြစ်နေတဲ့အချိန်ကြမှဘာလို့ထွက်ပြေးချင်နေရတာလဲကလေးလေးရယ်)