အပိုင်း(6)

3.7K 84 0
                                    

အပိုင်း(6)

ခြံဝန်းကြီးထဲ ပန်းများဝေဆာနေကာ
တမင်ဂရုစိုက်ပျ်ိုးထားမှန်း သိသာလှသည်။

ထိုအချိန် မနက်စာပြင်နေသော
​သူမနှင့် ပါယ် သားအမိနှစ်ဦး
ဟင်းပန်ကန်များအားသေချာ
ပြင်ဆင်နေ၍..

''သမီး သားနဲ့ဒီနေ့ ခန်းမပြင်ဆင်ထားတာသွားကြည့်အုံးမှာလား..."

''ဟုတ်မေမေ မောင်နေ့လည်လာခေါ်မယ်ပြောတယ်..."

''အင်း မေမေတော့ သမီးအတွက်စိတ်ချသွားပြီ
သားအတွက်ပဲ ကျန်တော့တယ်ကွယ်...''

''မေမေကလဲ ဓိဓိက လိမ်မာတာလေ..''

''အို..သူလိမ်မာတာကြီးက ရုပ်တည်ကြီးနဲ့
သမီးရယ်...ဟိုရက်ကထဲကအချစ်လေး
ဒီကိုခေါ်လို့မရတော့ဘူးဆို..."

''ဟို..ဟို..."

သူမ သမီးဖြစ်သူရဲ့ တစ်ဟိုဟိုစကားကြောင့်
မျက်ခုံးမဲလေးများပင့်တက်သွားကာ..

''ဘာဖြစ်လို့လဲသမီးမေမေကိုပြောစမ်း
အချစ်လေး ဘာဖြစ်လို့လဲ..."

ပါယ် မလိမ်တက်သူပီပီ လည်ပင်းလေးအား
ကုတ်၍.

''အဲ့ဒါ ေမမေသားကြောင့်ပေါ့..."

''ဟင် သားက ဘာလုပ်လို့လဲ... ''

''အချစ်က သမီးအခန်းသွားတာ
သူ့အခန်းထဲဝင်သွားတော့ အချစ်ကို
ရုပ်တည်ကြီးနဲ့လန့်အောင်လုပ်တယ်လေ
အချစ်လေးခင်ဗျာ အကြောက်လွန်ပြီး
အသားလေးတွေတောင်တုန်နေတာသိလား
မျက်ရည်တွေကလဲကျလို့
ပါယ်မျက်နှာသစ်ပေးပြီးသနပ်ခါး
လိမ်းပေးထားလို့မသိသာတာ
အဲ့ဒါ ပါးပါးဦးမှတ်တမ်းသိမှာဆိုးလို့
ပါယ်မှာရင်တမမနဲ့ အချစ်လေးကို
ပါးပါးက အရမ်းချစ်တာမေမေသိရဲ့သားနဲ့
သူ့သမီးကိုအထိခံတာမဟုတ်ဘူး..."

သမီးဖြစ်သူစကားကြောင့် ဒေါ်သူမ
ရင်ဘက်​လေးအားအသာဖိ၍..

''အို..ဒါ့ကြောင့်ကိုယ် အရင်ကဆိုတက်ကြီပြီး
အသံလေးစာနေတဲ့အချစ်လေးအဲ့ဒီနေ့က
ဘာအသံမှမထွက်ဘဲ ခေါင်းလေးငုံ့နေတာကို
သမီးပါးပါးကတောင် အဲ့ဒီညကပြောတယ်.အချစ်လေးဒီတစ်ခါငြိမ်နေလို့တဲ့...
သားကတော့လေ သမီးလေးကိုမှကွယ်.. ''

အနမ်းပင်လယ်(ပထမပိုင်း)(completed )حيث تعيش القصص. اكتشف الآن