အပိုင်း(19)

3.7K 95 1
                                    

အနမ်းပင်လယ်🌊🌊🌊
အပိုင်း(19)

​ကျယ်ဝန်း၍ ခန်းနားထည်ဝါလှသော ခန်းမကြီးထဲ တောက်ပြောင်စွာ ဝတ်စားဆင်ယင်ထားသော အထက်တန်းအလွှာများသာ တက်ခွင့်ရသော ထိုခန်းမကြီးထဲ မကြာခင်ရောက်လာမည့်
ဒီပွဲရဲ့အဓိက လူနှစ်ဦးအား စောင့်ဝင်တစား
စောင့်စိုင်းနေကြသည်ဆ်ိုလဲမမှားပေ။

''you ကြားပြီးပြီလား ဦးအဓိပတိနဲ့ဦးမှတ်တမ်းရင့်က လုပ်ငန်းတွေပူးပေါင်းတော့မယ်ကြားတယ် ... "

''ဟင် အခုပွဲလုပ်တာ အဲ့ဒီအတွက်လား..."

''အင်းလေ အခုက ဦးမှတ်တမ်း သားနဲ့သမီး
ဦးအဓိပတိရဲ့ သားနဲ့သမီးက လက်ထပ်ယူကုန်ပြီလေ..."

''ဟိုလကမှ ဦးအဓိပတိရဲ့သမီးနဲ့ ဦးမှတ်တမ်းရဲ့
သားကမင်္ဂလာဆောင်ထားတာလေ...''

''အင်း အခုကအငယ်နှစ်ယောက် ကောင်လေးက ဦးအဓိပတိရဲ့အချစ်ဆုံးအမွှာထဲကတစ်ယောက်လေ သည်းသည်းလှုပ် သူ့သားဆို
ငယ်ငယ်လေးထဲက ပြည်ပမှာနေတာလေ..."

''ဒါဆို ဦးမှတ်တမ်းရဲ့သမီးငယ်လေးနဲ့ဘယ်မှာတွေ့ကြတာလဲ..."

''ကောင်မလေးက ငယ်ငယ်လေး
အခုမှ ၁၈ ကျော်ကျော်ရှ်ိအုံးမယ်
ပိုးမွေးသလိုမွေးထားကြတာ
ရုပ်လေးက ချစ်ဖို့ကောင်းတာလွန်ရော..
အခုက ပြန်လာမှတွေ့တာထင်တယ်
မင်္ဂလာတော့မဆောင်ရသေးဘူး
မကြာခင်တော့ကြားရတော့မှာပေါ့..."

''ဒါဆို ကောင်​လေးက ကြီးတယ်ပေါ့..."

''အေးပေါ့ အခုဆို နံပါတ်တစ်နေရာအပြိုင်လုနေစရာမလိုတော့ဘူးလေ စီးပွားပေါင်းလိုက်တော့ အရှိန်အဟုန်က မတွေးရဲစရာလေ..."

''အင်းနော် ဟိုဘဝက ဘာတွေများကောင်းမှူ
ကုသိုလ်တွေလုပ်လာလို့ အခုလိုတွေကျိကျိတက်ချမ်းသာနေကြတာလဲမသိဘူး..."

''ဒါတော့ သူတို့ကကြိုးစားတာလဲပါတယ်
ဒါပင်မဲ့ ဆွေစင်မျိုးဆက် အကုန်ချမ်းသာကြတာ အခုဦးအဓိပတိတို့ ဦးမှတ်တမ်းရင့်တို့
လက်ထက်ကြတော့ ပိုတိုးပွားလာတာပေါ့
သုံးမကုန်ပေါ့ဟယ် ဒါပင်မဲ့မိဘတွေချမ်းသာလို့
သားသမီးတွေကလဲ ဘော်ကျော့မနေဘူး
သူ့နေရာနဲ့သူဒေါက်က်ိုစေ့လို့..."

အနမ်းပင်လယ်(ပထမပိုင်း)(completed )حيث تعيش القصص. اكتشف الآن