အပိုင်း(12)
''ဘုတ်ဆုံ အချစ်လေးရော..."
ဘဂလ်ိုရဲ့အပြင်ဘက်တွင်
မုန့်ထိုင်စားနေသော ဘုတ်ဆုံအား
ပါယ်ကြည့်၍မေးလိုက်ချိန် သူမအား
မျက်ဝန်းလေးဝိုင်းကာကြည့်၍..''အခန်းထဲမှာအိပ်နေတယ် မမပါယ်...''
''ဟုတ်လား လာချေလက်ဆေး ခဏနေ
hotelမှာ နေ့လည်စာသွားစားကြမယ်..."''ဟုတ်မမပါယ်.."
''လာ အချစ်လေးကိုသွားန်ိုးပြီး
သွားကြမယ်..."ပါယ် ဘူတ်စုံလက်ကလေးအားကိုင်ကာ
အခန်းထဲဝင်လာလိုက်သည်။ဘန်ကလိုနှစ်လုံးတွဲဖြစ်ပြီး သူမနှင့်မောင်ကတစ်ဖက် အချစ်နှင့်ဘုတ်ဆုံလေးတို့နှစ်ယောက်အား တစ်ခန်းထားတာဖြစ်သည်။
ထိုအချိန် ကုတင်အထက် မောက်ရပ်လေး
အိပ်နေသောအချစ်လေးကြောင့် ပါယ်ပြုံးလိုက်ကာ...''အချစ်လေး ကလေးထတော့ နေ့လည်စာ
သွားစားကြမယ် ပြီးမှပြန်အိပ်လေ..''''အချစ်မစားချင်ဘူးမမပါယ်..."
''ဟင် ဘာလို့လဲအချစ်ပဲကားပေါ်မှာပြောလာတာ ပင်လယ်စာတွေအများကြီးစားမှာဆ်ိူ
ဟိုမှာကျောက်ပုစွန်..."''အချစ်လေးလိုက်မယ်..."
ပါယ်စကားပင်မဆုံးပင်ထရပ်လိုက်သော
အချစ်လေးကြောင့်ပြုံးမလိုဖြစ်သွားပင်မဲ့
ချက်ချင်းပင်စိုးရိမ်သွား၍..''အချစ်လေး ငိုထားတာလား
ဘာဖြစ်လို့လဲ မမပါယ်ကိုပြော.. "''ဟင့်အင်း..အချစ်..အချစ်..
ငိုချင်လို့ပါ..."''ဘာဖြစ်လို့ငိုချင်တာလဲ အချစ်လေးရယ်
ပြောမမပါယ် ဘာလုပ်ပေးရမလဲပြော...''''ဟင့်အင်း အချစ်လေးဗိုက်စာတယ် ..''
ပါယ်အတင်းမမေးတော့ဘဲခေါင်းလေးသာ
ငြိမ့်ပြ၍..''ဟုတ်ပါပြီ ဒါဆ်ိုမျက်နှာသစ်လိုက်
မဟုတ်ရင်အချစ်လေးကိုကြီးကစိုးရိမ်နေအုံးမယ်..."''ဟုတ် ဒါဆို ခဏနော်မမပါယ်
အချစ်လေး မျက်နှာသစ်လိုက်အုံးမယ်..."
VOCÊ ESTÁ LENDO
အနမ်းပင်လယ်(ပထမပိုင်း)(completed )
Romanceအဓိက=အချစ်ကမ္ဘာ(ကိုကိုအသက်ကမင်းဖြစ်နေတဲ့အချိန်ကြမှဘာလို့ထွက်ပြေးချင်နေရတာလဲကလေးလေးရယ်)