အနမ်းပင်လယ်🌊🌊🌊
အပိုင်း(38)လမ်းမကြီးအထက် ကားမောင်းနေသော
ကပ္ပတိန်အား လင်းမင်းသူကြည့်၍..''ကပ္ပတိန် ကျွန်တော့်က်ိုဘာလို့ခေါ်သွားတာလဲ
အဲ့ဒီမိန်းကလေးကရော..."''အသိပါ မိန်းမသားတစ်ယောက်ထဲနေတဲ့နေရာကို သွားရတာမသင့်တော်ဘူး ဒါ့ကြောင့်
မင်းကိုအကူအညီတောင်းရတာပဲ...
ကျေးဇူးပဲ လင်းမင်းသူ''''ရပါတယ် ကပ္ပတိန် ဒါပင်မဲ့သူမက...
ကပ္ပတိန်အပေါ်မရိုးသားဘူး...''''အဟွန်း ငါသိတယ် ဒါ့ကြောင့်ကြိုတင်ပြင်ဆင်သွားတာ..."
အကင်းပါးစွာပြောလာသော ကပ္ပတိန်ကြောင့်
လင်းမင်းသူ ပြုံးရင်းခေါင်းငြိမ့်ပြကာ...''ကပ္ပတိန် ရန်ကုန်ကိုဘယ်တော့ပြန်မှာလဲ..."
ထိုအခါ တည်နေသော အဓိကမျက်နှာမှာ
မျက်ခုံးများပင့်တက်သွားသလို ခေါင်းရမ်းလိုက်၍..''အတိအကျမသိဘူး ဒါပင်မဲ့ ဒီနှစ်ကုန်တော့
ရောက်အောင်ပြန်မယ်...''''ကပ္ပတိန်အမျိုးသမီးကို ဒီကိုဘာလို့မခေါ်လဲဆိုတာကျွန်တော်သိပါတယ် အခုအချိန်ဒီလုပ်ငန်းစုကို လိုချင်လို့ကပ္ပတိန်အနားရန်သူတွေဝိူင်းနေလို့ မိန်းကလေးကိုထိခိုက်မှာဆိုးလိူ့မဟူတ်လား..."
လင်းမင်းသူ ကပ္ပတိန်ဆီကအဖြေအား
နားစွင့်နေပင်မဲ့ ငြိမ်နေသောကပ္ပတိန်ကြောင့်
သူပြောတာမှန်နေကြောင်းသိလိုက်သည်။ကိုယ့်နိုင်ငံမဟုတ်တော့ ပိုဆိုးသည်။ဒီလုပ်ငန်းစု
ရတဲ့သူက အခွင့်အလမ်းတွေအများကြီးရလာမှာဖြစ်ပြီး နိုင်ငံတကာကိုထိုးဖောက်နိုင်မည့်
လုပ်ငန်းရှင်ဖြစ်လာမည့်အရေးအား
ဘယ်သူကမတပ်မက်ပဲရှိတော့မှာလဲ။ထိုအထဲ
အခုလက်ရှိအုပ်ချုပ်နေသော သူဌေးက
ကပ္ပတိန်ကို အားကိုးယုံကြည်သောကြောင့်
ဒီလုပ်ငန်းစုအား ကပ္ပတိန်လက်ထဲထည့်ဖို့အတွက် ယာထားခဲ့တာဖြစ်သည်။ဒါကို
မလိုသော အခြားရှယ်ယာရှင်တွေက
လုပ်ကြံမှာဆိုးသောကြောင့် သူကပ္ပတိန်အတွက်စိုးရိမ်မိတာအမှန်။
أنت تقرأ
အနမ်းပင်လယ်(ပထမပိုင်း)(completed )
عاطفيةအဓိက=အချစ်ကမ္ဘာ(ကိုကိုအသက်ကမင်းဖြစ်နေတဲ့အချိန်ကြမှဘာလို့ထွက်ပြေးချင်နေရတာလဲကလေးလေးရယ်)