အပိုင်း(31)

3.6K 78 0
                                    

အနမ်းပင်လယ်🌊🌊🌊
အပိုင်း(31)

''ဟျောင့် ကက မင်းညကမမိုက်ဘူးနော်..."

ဆိုင်ထဲဝင်လိုက်သည်နှင့် သူ့အားပြစ်တင်ပြောဆိုလာသော ကောင်းတ်ို့သုံးယောက်ကြောင့် အဓိက ရုပ်တည်ကြီးဖြင့် နှာခေါင်းရှုံ့လ်ိုက်ကာ..

''မင်းတို့နောက်ကြတာလေ..."

''ဘာငါတို့နောက်ကြတာလဲ မင်းသာအစောကြီးရှိသေး အချစ်ကမ္ဘာကိုမပြီးတက်ပြေးပြီး
မင်းလွန်တယ်ကွာ မင်္ဂလာဆောင်တာ
ကိူယ့်သူငယ်ချင်းအရင်းကြီးတွေကို
ပြုစုမယ်မရှိဘူး မိန်းမနားပဲကပ်ဖို့သ်ိတာ..."

ထုံးစံအတိုင်းစံလင်းရဲ့မိန်းမကောင်းလျှာပါး
ရန်တွေ့လာသောကြောင့် အဓိကမျက်နှာလွဲပစ်လိုက်၍...

''နာညီးတယ်ကွာ အခုသောက်မယ်မဟုတ်လားသောက်...''

''သောက်မှာ မင်းလဲမပြန်ရဘူးမှတ်
ငါတို့အားလုံးသောက်ပြီးမှပြန်ရမှာ..."

မသောက်ကသေးဘူး ရစ်လာသော
စံလင်းကြောင့် ဘေးကကောင်းနဲ့
ဟိန်းစစ်ခေါင်းရမ်းကာ..

''ကကရေ ဒီကောင်ကျေနပ်အောင်
နေပေးလိုက်ကွာ..."

''နေစရာလား ငါ့မိန်းမတစ်ယောက်ထဲ
ထားခဲ့ရတာ သောက်စရာရှိတာသောက်
စံလင်း မင်းမိန်းမကြီးကြနေတာပဲ
စကားအရမ်းများတာ...''

ထိုအခါ စံလင်းသူ့အားဒေါသမပါသော
မျက်စောင်းကြီးဝင့်၍ ပါးစပ်ကပွစိပွစိဖြင့်
ကြိမ်ဆဲနေတော့သည်။

''ကက မင်းဘယ်တော့ပြန်မှာလဲ ကနေဒါကို..."

''အင်း နောက်တစ်ပတ်တော့သွားရအုံးမယ်ထင်တယ်... "

''အချစ်ကမ္ဘာကရော..."

ထိုအခါ အဓိက ချက်ချင်းပြန်မဖြေဘဲ
တိတ်စိတ်သွားလျှက်...

''ငါမသိဘူး သူမသဘောထားကိုငါမေးအုံးမယ်..."

''မင်းပဲ ခေါ်သွားမယ်ဆို..."

အဓိကခေါင်းငြိမ့်ပြလိူက်၍..

''ဟိုမှာငါက အိမ်မှာနေရတဲ့သူမဟုတ်ဘူး
လေယာဥ်ပေါ်မှာအချိန်ကုန်နေတဲ့သူ
ခေါ်သွားရင် အိမ်မှာအချစ်တစ်ယောက်ထဲ
ကျန်ခဲ့မှာငါစိတ်မချဘူး... "

အနမ်းပင်လယ်(ပထမပိုင်း)(completed )Donde viven las historias. Descúbrelo ahora