အပိုင်း(30)

3.7K 64 0
                                    

အနမ်းပင်လယ်🌊🌊🌊
အပိုင်း(30)

အဖြူရောင်တွေပဲသီးသန့်သုံးထားကာ
ခန်းမကြီးထဲတွင်မဟုတ်ဘဲ ၁၀ဧကလောက်
ကျယ်ဝန်းသော ခြံဝန်းကြီးထဲ လှပစွာပြင်ဆင်ထားပုံက လာသမျှလူတိုင်းငေးချင်စရာပင်။

''အို လှလိုက်တာ..."

ခြံဝန်းဝင်ပေါက်မှစ၍ အခမ်းအနားပြင်ဆင်ထားသည့် မင်္ဂလာမောင်နှံနှစ်ဦး၏
အမျ်ိုးမျိုးသောပုံကြီးများမှာထောင်ထား၍
လာသမျှလူတိုင်း ထိုဓာတ်​ပုံကြီးတွေအရှေ့မှာ
ရပ်ကာ အားကြချီးမွန်းကြ၍ ဓာတ်ပုံရိုက်သူကရိုက် အားကျစွာကြည့်သူ​ကကြည့်နေကြ၏။

''ကြည့်ပါအုံး ကောင်လေးက လေယာဥ်
ကပ္ပတိန်ယူနီဖောင်းနဲ့တအားလိုက်တာပဲ
ကောင်မလေးကလဲ ချစ်ဖို့ကောင်းလ်ိုက်တာ
အသည်းယားလိုက်တာဟယ်..."

''မစုမြတ် ရှင်သူများမင်္ဂလာဆောင်လာပြီး
အားကျနေပြီပေါ့... "

''အားကျတာပေါ့ ကြည့်ပါလား
ကောင်လေးရဲ့အကြည့်တွေက
ကောင်မလေးအပေါ်ကြည့်တာ
ဓာတ်ပုံထဲမှာတောင်ဘယ်လောက်အသက်ဝင်နေလဲ ကောင်မလေးကတော့ တုန်နေအောင်
အချစ်ခဲရမှာကြိမ်းသေးတယ်... "

''အချစ်ခံရတာလဲ ခံရလောက်တယ်လေ
ဒီလောက်လှပြီး ချစ်ဖို့ကောင်းတာကိုယ်
အသက်ကလဲငယ်သေးတော့ အလိုလိုက်မှာပဲ..."

''အော် စိန်ကိုစိန်ချင်းထပ်တော့ ဘယ်လောက်ကံကောင်းလိုက်ကြလဲ..."

ဧည့်သည်များရဲ့အားကျမှုနှင့်အတူ
ချီးမွန်းမှုများက ပွဲတစ်ခုလူံး
ဝေဆာနေတော့သည်။

မင်္ဂလာသီချင်းလေးကလဲ တီးဝိုင်းဆင့်​မြင့်အထက်ကနေ နာမည်ကျော်တေးသံရှင်များ​က
ခေတ်နှင့်အညီ ဖျော်ဖြေနေမှုကြောင့် ခြံဝန်းလေးထဲဝေဆာနေကာ ဧည့်သည်များအတွက်
မပျင်းစေရအောင် အလှည့်ကြသီဆိုပေးနေမိသည်။

အစားအသောက်များကိုယ်လဲကိုယ်တိုင်ယူ
ဘာဖေးစနစ်ဖြင့် ဧည့်ခံကျွေးမွေးနေပုံက
တင့်တယ်လှသည်။

မကြာခင်ထွက်လာတော့မည့် သတိုးသား
သတိုးသမီးကိုလဲ မျှော်နေကြသလို
ဧည့်သည်များက လိုက်လံဧည့်ခံနေ​ကြသော
နှစ်ဖက်မိဘများရဲ့ ခန့်ညား ချောမောမှုတွေအားငေးကြည့်နေကြတော့သည်။

အနမ်းပင်လယ်(ပထမပိုင်း)(completed )Where stories live. Discover now