အပိုင်း(23)

3.6K 74 0
                                    

အနမ်းပင်လယ်🌊🌊🌊
အပိုင်း(23)

အချစ်လေးတစ်ယောက် ခေါင်းလေးလည်နေအောင်ကျန်နေခဲ့သော ပတ်ဝန်းကျင်အား
ကြည့်နေရင်း ကားမောင်းနေသော အကိုဖြစ်
သူဆီမျက်ဝန်းလေးဝိုင်းကာကြည့်၍...

''ကိုကြီး အခုအိမ်ကိုသွားနေတာလားဟင်.. "

''ဟုတ်တယ်လေ အချစ်လေးရဲ့ အိမ်မှာ
ပါးပါးရောမေမေရောစောင့်နေတယ်
အဟွန်း ညီမလေးနေရတာအဆင်ပြေရဲ့လား
ဟိုကောင်အနိုင်ကျင့်သေးလား ကိုကြီးကိုယ်ပြော...."

''ဟင့်အင်း အချစ်လေးအဆင်ပြေပါတယ်
ဒါပင်မဲ့ ကိုကိုကဘာလို့မပါတာလဲကိုကြီး..."

''အခုက ညီမလေးတစ်ယောက်ထဲအိမ်ကို
လိုက်လို့ရသေးတာလေ..."

တွေဝေသွားသောအချစ်မျက်နှာလေးမှာ
ပြိုတော့မည့်မိုးလိုဖြစ်သွား၍...

''ကိုကြီး ဘွားဘွားကအချစ်လေးကိုတစ်ခါပြောဖူးတယ်သိလား ယောကျာ်းနောက်ကို
မိန်းမကလိုက်ရတယ်တဲ့ ကိုကြီးနောက်လဲ
မမပါယ်လိုက်ရတယ်လေ အခုလဲအချစ်လေးကလဲ ကိုကိုနောက်လိုက်ရတော့မှာပေါ့
အချစ်လေးကို မေမေသူမအိမ်ကိုပဲ ပြန်ပို့ပေးပါကိုကြီး...''

ကျီ....

ထိုအချိန် လမ်းမဘေးထိုးရပ်လိုက်သော
ကားရပ်သံနှင့်အတူ ရင့် လူကြီးလေးလို
ပြောလာသောညီမဖြစ်သူကြောင့်
သူသေချာကြည့်နေ၍...

''အချစ်လေး ပြောစမ်းဒီကောင်အချစ်လေးကို
ဘာတွေချိန်းခြောက်ထားတာလဲ ကြောက်စရာမလိုဘူးနော် ကိုကြီးတို့ရှိတယ် အခုအိမ်ကိုပြန်ရမှာအချစ်လေးအဲ့ဒီကောင်ကိုကြောက်နေတာလား..."

''ဟင့်အင်း...အချစ်လေးကိုသူမချိန်းခြောက်ထားပါဘူး အချစ်လေး နောက်မှပဲ
အိမ်ပြန်လာတော့မယ်နော်ကိုကို
ပါးပါးနဲ့မေမေကို အချစ်လေးကို
စိတ်မကောက်ဖို့ပြောပေးနော်
အချစ်လေး ပါးပါးနဲ့မေမေကိုအရမ်းချစ်တယ်ပြောပေးနော်..."

ကလေးတစ်ယောက်လို မျက်ရည်လေးတွေဝေ့ကာပြောလာသော ညီမဖြစ်သူအား ရင့်ကြည့်၍
သူလဲရင်ထဲမကောင်းတော့ပေ။

''ညီမလေးရယ် လူကြီးအတွေးတောင်
တွေးတက်နေပါရောလား..."

ရင့်ပြောလဲပြော ညီမဖြစ်သူကိုယ်လေးအား
ဖတ်ထားရင်း မျက်ရည်များဝဲစွာဖြင့်။

အနမ်းပင်လယ်(ပထမပိုင်း)(completed )Onde histórias criam vida. Descubra agora